• Follow Us on

Home အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်ဆုဆွတ်ခူး

Share this post

နေပြည်တော်၊ အောက်တိုဘာ ၄

 

တရုတ်နိုင်ငံ၌ကျင်းပလျက်ရှိသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းမှ အင်ဒိုနီးရှားကို ပြန်လည်အနိုင်ယူကာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

 

အမျိုးသားလေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ဂျပန်အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် လေးယောက် တွဲ ပိုက်ကျော်ခြင်း အမျိုးသား ဗိုလ်လုပွဲစဉ်များကို ယနေ့ ကျင်းပခဲ့ရာ မြန်မာအမျိုးသားအသင်းသည် အင်ဒိုနီး ရှားအသင်းကို ၂ ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

မြန်မာပိုက်ကျော်ခြင်းအသင်းသည် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပထမ ဆုံး ရွှေဆုတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia


Share this post