• Follow Us on
Latest News

Home အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ်မြှင့်တင်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ်မြှင့်တင်ရမည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၀

 

ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော လူချွန်လူကောင်းများ ပေါ် ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ်မြှင့်တင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားသည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအား ကစားရုံ(B)၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပညာရေးဝန်ကြီးဌာနအနေဖြင့် လူငယ်များ ဗလငါးတန်ဖွံ့ ဖြိုးရေးနှင့် အားကစား ကဏ္ဍမြှင့်တင်ရေးအတွက် ကျောင်းအားကစားကွင်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပညာရေးနှင့်အားကစား ပေါင်းစပ်သင်ယူနိုင်သည့် အခွင့်အလမ်းများကို တိုးမြှင့် ဖော်ဆောင်ပေးလျက်ရှိပါကြောင်း၊ အားကစားကောင်းမှ ပညာရေးကောင်းမည်ဖြစ်ပြီး ပညာရေးကောင်းမှ နိုင်ငံတိုးတက်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာတတ်သော၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော၊ ကျန်း မာကြံ့ခိုင် သော လူချွန်လူကောင်းများ ပေါ်ထွက်လာစေရန် အားကစားကဏ္ဍကို ပညာရေးနှင့် ပေါင်းစပ်မြှင့်တင် ရမည်ဖြစ်ကြောင်း ပြောသည်။

 

အခြေခံပညာကဏ္ဍမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကာယဆရာ၊ ဆရာမများအတွက် သင်တန်းများကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနှင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍမှာလည်း ဒဂုံတက္ကသိုလ်နှင့် ရတနာပုံတက္ကသိုလ်တို့တွင် B.Sc (Sports)ဘွဲ့သင်တန်းကို ဖွင့်လှစ်ပေးထားလျက်ရှိပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းသင်ကြားပို့ချပေးလျက်ရှိကြောင်း၊ ထို့ပြင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် အားကစားအရာရှိနှင့် အားကစားနည်းပြများ ခန့်အပ်ပေးထားပြီး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက မောင်တို့ မယ်တို့သည် တက္ကသိုလ် ကျောင်းသား ကျောင်းသူ အားကစားသမားများဖြစ်ကြသည်နှင့်လျော်ညီစွာ အားကစား ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြ သည့်အခါ စည်းကမ်းရှိရှိ၊ နည်းစနစ် ခိုင်ခိုင်မာမာ၊ အားကစား စိတ်ဓာတ်အပြည့်အဝနှင့် ကြိုးပမ်းအား ထုတ်ယှဉ်ပြိုင်ကြရင်း နိုင်ငံတော် ချစ်စိတ်၊ မျိုးချစ်စိတ်တို့ဖြင့် နိုင်ငံတော်၏ ဂုဏ်ကိုထိန်းသိမ်းမြှင့်တင်နိုင်ကြပါ စေကြောင်း၊ ဆုတံဆိပ်အသီးသီးကိုလည်း ဆွတ်ခူးရရှိပြီး နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ဖြစ်အောင် ကြိုးစား၍ အောင်မြင်မှုများရရှိနိုင်ကြပါစေကြောင်းနှင့် တက္ကသိုလ်အားက စားလောကတစ်ခေတ် ဆန်းသစ်နိုင် ကြပါစေကြောင်း ပြောကြားခဲ့သည်။

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံအားကစား ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများနှင့် လေ့ကျင့်ရေး ဘောလုံးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ပြီး တက္ကသိုလ်ပေါင်းစုံမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ် ချုပ်သူ၊ နည်းပြများနှင့် အားကစားသမား စုစုပေါင်း ၁၁၆၀ ကျော် ပါဝင်ယှဉ် ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post