• Follow Us on
Latest News

Home အားကစားပြိုင်ပွဲများကိုယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအတွက်တင်မဟုတ်ဘဲ မိမိနိုင်ငံတော်၏ ကျေးဇူးကို ဆပ်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်စေရန်အထိ ရည်မှန်းချက်ထားကြိုးပမ်းကြရန် နစက ဒုဥက္ကဋ္ဌမှာကြား

အားကစားပြိုင်ပွဲများကိုယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအတွက်တင်မဟုတ်ဘဲ မိမိနိုင်ငံတော်၏ ကျေးဇူးကို ဆပ်နိုင်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများဖြစ်စေရန်အထိ ရည်မှန်းချက်ထားကြိုးပမ်းကြရန် နစက ဒုဥက္ကဋ္ဌမှာကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

 

အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအ တွက်တင်မဟုတ်ဘဲ  မိမိလူမျိုး၊ မိမိနိုင်ငံတော်၏  ကျေးဇူးကို ဆပ်နိုင်သည့် အမျိုးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်စေရန်အထိ ရည်မှန်း ချက်ထားပြီး အားသွန်ခွန်စိုက်ကြိုးပမ်းသွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန် ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မှာကြားသည်။

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အနာဂတ်နိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုကြရမည့် ယနေ့ လူငယ်များအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့် ပြည့်စုံစေရေးကို အစဉ်တစ်စိုက် ကြိုးပမ်းမြှင့်တင် တည်ဆောက်နေကြရမည် ဖြစ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံပညာရေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး ပညာရည်ထူးချွန် သည့် ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန်လိုအပ်ကြောင်း ပြောသည်။

 

ပညာရည်မြင့်မားရေးနှင့် ကျန်းမာကြံ့ခိုင်စေရေးအတွက် ထိထိရောက်ရောက် အထောက်အကူပြုနိုင်မှုသည် ကိုယ်လက်လှုပ်ရှား အားကစားပင်ဖြစ်ကြောင်း၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့် အားကစားနှင့် ပညာရေးတို့သည် ခွဲခြား မရသည့် အရာများပင်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် အားကစားဝန်ကြီးဌာနကို အဆင့်မြှင့်တင်ပြီး လူငယ်ကဏ္ဍကိုပါ ဦးစားပေး လုပ်ဆောင် နိုင်အောင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနကို တိုးချဲ့ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက အားကစားဆိုသည်မှာ ကာယအားနှင့် ဉာဏအားကို အသုံးချပြီး လှုပ်ရှားရသည့် ယှဉ်ပြိုင်မှုဖြစ်ခြင်းကြောင့် အနိုင်မခံအရှုံးမပေးသည့် ခိုင်မာသောစိတ်ဓာတ်ဖြစ်ပေါ် စေသည့်အပြင် အနိုင်အရှုံးတစ်ခုတည်းကို ယှဉ်ပြိုင်ခြင်းမျိုး မဟုတ်ပဲ သန့်ရှင်း မှန်ကန်သည့် နည်းလမ်းနှင့် အားကစားစိတ်ဓာတ်အပြည့်အဝထားပြီး ပြိုင်ပွဲများတွင် ယှဉ်ပြိုင် ကစားခြင်း အားဖြင့် တရားမျှတမှု၊ စိတ် ဓာတ်ကြံ့ခိုင်မှု၊ အပြန်အလှန်လေးစားမှုစသည့် ကောင်းမြတ်သည့် အလေ့အထများကို ရရှိစေနိုင်မည် ဖြစ် ကြောင်း ပြောသည်။

 

ထို့အပြင် အားကစားဆိုသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်း ဆောင်ရွက်မှုစသည့် အခြေခံအချက် (၆) ချက်အပေါ်တွင် မူတည်နေခြင်းကြောင့် ထိုအရည်အသွေးများ ပြည့်စုံသည်ထက် ပြည့်စုံနေအောင်၊ ပြည့်ဝသည်ထက် ပြည့်ဝနေအောင် အစဉ်ကြိုးစားတည်ဆောက် သွားကြရမည်ဖြစ်ကြောင်း၊ အားကစားနယ်ပယ် အောင်မြင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ပြသနေခြင်း ဖြစ်သည့်အတွက် အားကစားပြိုင်ပွဲများကို ယှဉ်ပြိုင်ရာတွင် ကိုယ့်အဖွဲ့အစည်းအ တွက်တင်မဟုတ်ဘဲ  မိမိလူမျိုး၊ မိမိနိုင်ငံတော်၏  ကျေးဇူးကို ဆပ်နိုင်သည့် အမျိုးဂုဏ် ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစား သမားများဖြစ်စေရန်အထိ ရည်မှန်းချက်ထားပြီး အားသွန်ခွန်စိုက် ကြိုးပမ်းသွားကြရန် တိုက်တွန်းပြော ကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက မှာကြားခဲ့သည်။

 

#PeopleMedia


Share this post