• Follow Us on
Latest News

Home အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရမည်ဟု နစကဥက္ကဋ္ဌပြောကြား

အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရမည်ဟု နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၁၂

 

အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါ၍ ဧရာဝတီ တိုင်းဒေသကြီးအတွင်း အားကစားကဏ္ဍမြှင့်တင်ရေးဆောင်ရွက်နေမှုများနှင့် ပုသိမ်မြို့ရေပေးဝေရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ရှေ့ဆက်ဆောင်ရွက်သွားမည့် ဦးတည်ချက်များတွင် အားကစားကဏ္ဍမြှင့်တင်နိုင်ရေးအချက်တစ်ချက်အနေဖြင့် ထည့်သွင်းချမှတ်ထားရှိပြီးဖြစ်ပြီး အားကစားကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းသည်မိမိတို့နိုင်ငံနှင့် လူမျိုး ၏ ဂုဏ်ကိုမြှင့်တင်ပေးခြင်းပင်ဖြစ်ပြီး တိုင်းချစ်ပြည်ချစ်စိတ်များနှင့် အမျိုးသားရေးစိတ်ဓာတ်များကိုလည်း နိုးကြားတက်ကြွလာစေမည်ဖြစ်ကြောင်း၊ အားကစားသည် အမျိုးသားရေးပင်ဖြစ်သဖြင့် အလေးထားဆောင်ရွက် ကြရ မည်ဖြစ်ကြောင်း၊ ပြောသည်။

 

အားကစားကွင်းများကိုအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လာရောက် ကြည့်ရှုနိုင်မည့် ပွဲကြည့်ပရိသတ်အင် အားပမာဏကိုလည်း ထည့်သွင်းစဉ်းစားရန်လိုကြောင်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာနိုင်သည့် အခြေ အနေများကိုကြည့်၍ ရေရှည်မျှော်တွေးဆောင်ရွက်ရန်နှင့် အဆင့်မီပြီးခေတ်နှင့်လျော်ညီသည့် စံချိန်မီအား ကစားရုံ၊ အားကစားကွင်းများဖြစ်ရန်လိုကြောင်း၊ အားကစားအဆင့်အတန်း ကောင်းမွန်အဆင့်မြင့်လာစေရေး အတွက် အားကစားကွင်းများ၊ အားကစားရုံများသည် သတ်မှတ်ထားသည့် အဆင့်အတန်းမီရန်လိုကြောင်း၊ ထိုသို့ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှသာလျှင် အားကစားတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နည်းပြ များသည်လည်း အရည်အချင်းပြည့်မီစေရေး ဆောင်ရွက်ပေးရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပုသိမ်မြို့ရေ ပေးဝေရေးလုပ်ငန်းသို့ရောက်ရှိခဲ့ပြီး ရေသန့်စင်စက်ရုံ၌ ရေများအဆင့်ဆင့် သန့်စင်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ သည်။

 

#PeopleMedia


Share this post