အာ႐ွဇာတ္ကားတစ္ကား ပထမဆံုးအေကာင္းဆံုး႐ုပ္႐ွင္ဆုအပါအ၀င္ ဆု ၄ ဆု သိမ္းႀကံဳးရယူႏိုင္ခဲ့တဲ့ ၉၂ ႀကိမ္ ေျမာက္ေအာ္စကာဆုေပးပြဲ

PUBLISHED - February 10, 2020
ေလာ့စ္အိန္ဂ်ယ္လိစ္၊ ေဖေဖာ္ဝါရီ ၁၀
ေတာင္ကိုရီးယား႐ုပ္႐ွင္ Parasite ကို အခုႏွစ္ေအာ္စကာဆုေပးပြဲမွာ အေကာင္းဆံုး႐ုပ္႐ွင္ဆုခ်ီးႁမွင့္ခဲ့ၿပီး ဒီဆုကို ရခဲ့တဲ့ ပထမဆံုးအဂၤလိပ္စကားေျပာမဟုတ္တဲ့ ႐ုပ္႐ွင္ကားျဖစ္လာပါတယ္။
Judy ဇာတ္ကားမွာ Judy Garland အျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Renee Zellweger ကေတာ့ အေကာင္းဆံုးအမ်ိဳး သမီးဇာတ္ေဆာင္ဆုရခဲ့ၿပီး Joker ဇာတ္ကားနဲ႔ Joaquin Phoenix က အေကာင္းဆံုုးအမ်ိဳးသားဇာတ္ေဆာင္ ဆုရခဲ့ပါတယ္။
Once Upon A Time in Hollywood ဇာတ္ကားနဲ႔ Bratt Pitt က အေကာင္းဆံုးအမ်ိဳးသားဇာတ္ပို႔ဆုရခဲ့ၿပီး Laura Dern ကလည္း Marriage Story ဇာတ္ကားနဲ႔ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႔ဆုရခဲ့ပါတယ္။
Parasite ဇာတ္ကားက ဆု ၄ ဆုရခဲ့ၿပီး 1917 ဇာတ္ကားကေတာ့ ဆု ၃ ဆုရခဲ့တာပါ။ Ford vs Ferrari ဇာတ္ ကားက ဆု ၂ ဆု၊ Joker က ၂ ဆုနဲ႔ Once Upon A Time in Hollywood ဇာတ္ကားကလည္း ဆု ၂ ဆု ရခဲ့ ပါတယ္။
အခုႏွစ္ေအာ္စကာဆုေပးပြဲမွာ အရင္ႏွစ္ေတြကနဲ႔ မတူတဲ့အခ်က္တစ္ခ်က္ကေတာ့ အခမ္းအနားအစီအစဥ္မွဴး မ႐ွိဘဲ က်င္းပခဲ့တာျဖစ္ပါတယ္။
Photo – Oscar
#PeopleMedia #Oscar2020 #Parasite
(Unicode)
အာရှဇာတ်ကားတစ်ကား ပထမဆုံးအကောင်းဆုံးရုပ်ရှင်ဆုအပါအဝင် ဆု ၄ ဆု သိမ်းကြုံးရယူနိုင်ခဲ့တဲ့ ၉၂ ကြိမ် မြောက်အော်စကာဆုပေးပွဲ
……………………………………………………
လော့စ်အိန်ဂျယ်လိစ်၊ ဖေဖော်ဝါရီ ၁၀
တောင်ကိုရီးယားရုပ်ရှင် Parasite ကို အခုနှစ်အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆုချီးမြှင့်ခဲ့ပြီး ဒီဆုကို ရခဲ့တဲ့ ပထမဆုံးအင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်ကားဖြစ်လာပါတယ်။
Judy ဇာတ်ကားမှာ Judy Garland အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Renee Zellweger ကတော့ အကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုရခဲ့ပြီး Joker ဇာတ်ကားနဲ့ Joaquin Phoenix က အကောင်းဆုံးအမျိုးသားဇာတ်ဆောင် ဆုရခဲ့ပါတယ်။
Once Upon A Time in Hollywood ဇာတ်ကားနဲ့ Bratt Pitt က အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုရခဲ့ပြီး Laura Dern ကလည်း Marriage Story ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုရခဲ့ပါတယ်။
Parasite ဇာတ်ကားက ဆု ၄ ဆုရခဲ့ပြီး 1917 ဇာတ်ကားကတော့ ဆု ၃ ဆုရခဲ့တာပါ။ Ford vs Ferrari ဇာတ် ကားက ဆု ၂ ဆု၊ Joker က ၂ ဆုနဲ့ Once Upon A Time in Hollywood ဇာတ်ကားကလည်း ဆု ၂ ဆု ရခဲ့ ပါတယ်။
အခုနှစ်အော်စကာဆုပေးပွဲမှာ အရင်နှစ်တွေကနဲ့ မတူတဲ့အချက်တစ်ချက်ကတော့ အခမ်းအနားအစီအစဉ်မှူး မရှိဘဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
Photo – Oscar
#PeopleMedia #Oscar2020 #Parasite