အိဒ္ကာလမတိုင္ခင္ စစ္ေသြးႂကြတိုက္ခိုက္မႈမ်ားျဖစ္ေပၚႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္ေထာက္လွမ္းေရးသတင္းရ႐ွိ

PUBLISHED - July 27, 2020
ဒါကာ၊ ဇူလိုင္ ၂၇
အိဒ္ကာလမတိုင္ခင္ JMB စစ္ေသြးႂကြအဖြဲ႕က တိုက္ခိုက္မႈမ်ားလုပ္ႏိုင္ေၾကာင္း ဘဂၤလားေဒ့႐ွ္ရဲမ်ား ေထာက္ လွမ္းေရးသတင္းရ႐ွိသည္။
အိုင္အက္စ္ဟု ကိုယ့္ကိုယ္ကိုသတ္မွတ္ၾကသည့္ အစၥလာမ္မစ္ႏိုင္ငံေတာ္အဖြဲ႕လႊမ္းမိုးမႈ႐ွိသည့္ ထိုအဖြဲ႕ကို သတိထားရန္ႏွင့္ တိုက္ခိုက္မႈမ်ားကိုႀကိဳတင္ကာကြယ္ရန္ လိုအပ္သည့္အစီအမံမ်ားလုပ္ထားေရး ရဲစခန္းမ်ားထံ ၫႊန္ၾကားခ်က္ထုတ္ျပန္ထားသည္။
အိုင္အက္စ္တို႔က Bengal Ulayat အမည္႐ွိ အဖြဲ႔သစ္ ၁ ဖြဲ႕ ဖြဲ႕စည္းမည္ဟုသတင္းထုတ္ျပန္ျခင္းႏွင့္ ျပည္တြင္း ျပည္ပရွိ စစ္ေသြးႂကြလႈပ္ရွားမႈသတင္းမ်ားကိုေလ့လာရာတြင္ အိဒ္ပြဲေတာ္မတုိင္မီ ဆိုးရြားသည့္တိုက္ခိုက္ဖ်က္ ဆီးမႈမ်ား ျဖစ္လာႏိုင္သည္ဟု ညႊန္ျပေနသည္ဟု ရဲစခန္းမ်ားအတြက္ထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။
ၾသဂုတ္လသည္ ယခင္ႏွစ္မ်ားတြင္ စစ္ေသြးႂကြမ်ားလႈပ္႐ွားမႈအမ်ားဆံုးလျဖစ္သျဖင့္ ယခုႏွစ္တြင္လည္း လိုအပ္ သည့္လံုၿခံဳေရးအစီအမံမ်ားတိုးႁမွင့္ခ်ထားေၾကာင္း ေထာက္လွမ္းေရးႏွင့္အထူးကိစၥရပ္မ်ားဆိုင္ရာဌာနမွဴး လက္ ေထာက္ရဲမွဴးခ်ဳပ္ ဟိုင္ဒါအလီခန္းက The Daily Star သတင္းစာကိုေျပာသည္။
ေထာက္လွမ္းေရးအရ JMB လက္သစ္တို႔သည္ သံ႐ုံးမ်ား၊ ဘာသာေရးအဖြဲ႕အစည္းမ်ား၊ ရဲစခန္းမ်ားကို ပစ္မွတ္ ထား တိုက္ခိုက္ႏိုင္ေၾကာင္းလည္း ေျပာသည္။
ေသာၾကာေန႔ နံနက္ပိုင္းတြင္ ဒါကာၿမိဳ႕ေတာ္ေတာင္ဘက္၌ ဗံုးေပါက္ကြဲခဲ့ၿပီး ထိခိုက္ဒဏ္ရာရသူ မရွိခဲ့ေခ်။
ထိုဗံုးသည္ စစ္ေသြးႂကြမ်ားသံုးေလ့႐ွိသည့္လက္လုပ္ဗံုးျဖစ္ၿပီး အပ်က္အစီးႀကီးႀကီးမားမားျဖစ္ေစရန္ ရည္႐ြယ္ ထားေသာ္လည္း ေဖာက္ခြဲေရးပစၥည္းအမ်ားအျပားမပါ၀င္ဟု ဗံုး႐ွင္းလင္းေရးအဖြဲ႔ေခါင္းေဆာင္ကေျပာသည္။
Ref : Intel on Possible ‘Militant Attack’: New security alert before Eid
(unicode)
အိဒ်ကာလမတိုင်ခင် စစ်သွေးကြွတိုက်ခိုက်မှုများဖြစ်ပေါ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ထောက်လှမ်းရေးသတင်းရရှိ
………………………………………………………
ဒါကာ၊ ဇူလိုင် ၂၇
အိဒ်ကာလမတိုင်ခင် JMB စစ်သွေးကြွအဖွဲ့က တိုက်ခိုက်မှုများလုပ်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရဲများ ထောက် လှမ်းရေးသတင်းရရှိသည်။
အိုင်အက်စ်ဟု ကိုယ့်ကိုယ်ကိုသတ်မှတ်ကြသည့် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့လွှမ်းမိုးမှုရှိသည့် ထိုအဖွဲ့ကို သတိထားရန်နှင့် တိုက်ခိုက်မှုများကိုကြိုတင်ကာကွယ်ရန် လိုအပ်သည့်အစီအမံများလုပ်ထားရေး ရဲစခန်းများထံ ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
အိုင်အက်စ်တို့က Bengal Ulayat အမည်ရှိ အဖွဲ့သစ် ၁ ဖွဲ့ ဖွဲ့စည်းမည်ဟုသတင်းထုတ်ပြန်ခြင်းနှင့် ပြည်တွင်း ပြည်ပရှိ စစ်သွေးကြွလှုပ်ရှားမှုသတင်းများကိုလေ့လာရာတွင် အိဒ်ပွဲတော်မတိုင်မီ ဆိုးရွားသည့်တိုက်ခိုက်ဖျက် ဆီးမှုများ ဖြစ်လာနိုင်သည်ဟု ညွှန်ပြနေသည်ဟု ရဲစခန်းများအတွက်ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ဩဂုတ်လသည် ယခင်နှစ်များတွင် စစ်သွေးကြွများလှုပ်ရှားမှုအများဆုံးလဖြစ်သဖြင့် ယခုနှစ်တွင်လည်း လိုအပ် သည့်လုံခြုံရေးအစီအမံများတိုးမြှင့်ချထားကြောင်း ထောက်လှမ်းရေးနှင့်အထူးကိစ္စရပ်များဆိုင်ရာဌာနမှူး လက် ထောက်ရဲမှူးချုပ် ဟိုင်ဒါအလီခန်းက The Daily Star သတင်းစာကိုပြောသည်။
ထောက်လှမ်းရေးအရ JMB လက်သစ်တို့သည် သံရုံးများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ ရဲစခန်းများကို ပစ်မှတ် ထား တိုက်ခိုက်နိုင်ကြောင်းလည်း ပြောသည်။
သောကြာနေ့ နံနက်ပိုင်းတွင် ဒါကာမြို့တော်တောင်ဘက်၌ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ချေ။
ထိုဗုံးသည် စစ်သွေးကြွများသုံးလေ့ရှိသည့်လက်လုပ်ဗုံးဖြစ်ပြီး အပျက်အစီးကြီးကြီးမားမားဖြစ်စေရန် ရည်ရွယ် ထားသော်လည်း ဖောက်ခွဲရေးပစ္စည်းအများအပြားမပါဝင်ဟု ဗုံးရှင်းလင်းရေးအဖွဲ့ခေါင်းဆောင်ကပြောသည်။
Ref : Intel on Possible ‘Militant Attack’: New security alert before Eid