အိန္ဒိယကြည်းတပ်အတွက် SIG716 မောင်းပြန်ရိုင်ဖယ် အလက် ၇၃,၀၀၀ SIG Sauer ထပ်မံထုတ်လုပ်ပေးမည်
PUBLISHED - August 29, 2024
နိုင်ငံတကာ၊ သြဂုတ် ၂၉
အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက အိန္ဒိယကြည်းတပ်အတွက် SIG716 မောင်းပြန်ရိုင်ဖယ် နောက်ထပ် အ လက် ၇၃,၀၀၀ ထပ်မံထုတ်လုပ် ပေးဖို့ ဆစ်ဆာဝါကုမ္ပဏီ (SIG Sauer) ကို ကန်ထရိုက်လုပ်ငန်း အပ်နှံလိုက်ပါ တယ်။
အိန္ဒိယနိုင်ငံဟာ SIG716 မောင်းပြန်ရိုင်ဖယ် အလက် ၇၂,၄၀၀ ဝယ်ယူဖို့ ၂၀၁၉ ခုနှစ်မှာ ဆစ်ဆာဝါကုမ္ပဏီနဲ့ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ကြည်းတပ်အတွက် SIG716 မောင်းပြန်ရိုင်ဖယ် ၁၄၅,၄၀၀ ပြည့်မီအောင် ဖြည့်တင်းဖို့အတွက် အခုလို နောက်ထပ် အလက် ၇၃,၀၀၀ ထပ်မံမှာယူလိုက်တာဖြစ်ပါတယ်။
အဲဒီ ကနဦးစာချုပ်လက်မှတ်ထိုးတဲ့နေ့မှာပဲ အိန္ဒိယကြည်းတပ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို SIG716 မောင်း ပြန်ရိုင်ဖယ် အလက် ၁၀,၀၀၀ ပို့ဆောင်ပေးခဲ့ပါတယ်။
အိန္ဒိယနဲ့ တရုတ် ဟိမာလိယန်နယ်စပ်မှာ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပြီး မကြာခင်အချိန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှာပဲ ဒုတိယအကြိမ် လက်နက်မှာယူမှုကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။
တပြိုင်တည်းမှာပဲ အဲဒီလက်နက်ငယ်တွေကို မူဆလင်နဲ့ ဟိန္ဒူစစ်သွေးကြွတွေ ဆက်လက်တိုက်ပွဲဖြစ်ပွားနေတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားနယ်ထဲက အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ဆက်စပ်စစ်ဆင်ရေးတွေမှာ အသုံးပြုသွားမှာဖြစ် ကြောင်း အိန္ဒိယအစိုးရက ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးဟမ့်ရှိုင်းယားပြည်နယ်အခြေစိုက် ဆစ်ဆာဝါကုမ္ပဏီ (SIG Sauer) က ထုတ်လုပ်တဲ့ SIG716 မောင်းပြန်ရိုင်ဖယ်ဟာ နေတိုးစံကိုက် ၇.၆၂ ကျည်နဲ့ အသုံးပြုတဲ့ မောင်းပြန်ရိုင်ဖယ်ဖြစ်ပါတယ်။
ပြောင်းအရှည် ၁၆ လက်မရှိတဲ့ SIG716 မောင်းပြန်ရိုင်ဖယ်ဟာ ခေတ်မီပစ္စည်းကိရိယာတွေ တွဲဖက်တပ်ဆင် ထားသလို ပစ်ခတ်မှုထိန်းသိမ်းခြင်း အဆင့်မြှင့်တင်ဖို့အတွက် ပုံစံ ၆ မျိုးနဲ့အသုံးပြုနိုင်တဲ့ တယ်လီစကုတ် တစ် ခုလည်း တပ်ဆင်ထားပါတယ်။
“အိန္ဒိယကြည်းတပ်ကို အဆင့်မြှင့်တင်ဖို့ ကြိုးပမ်းရာမှာ မိတ်ဖက်အဖွဲ့အစည်းတစ်ရပ်အနေနဲ့ ပါဝင်ခွင့်ရတဲ့အ တွက် ကျွန်တော်တို့ ဂုဏ်ယူသလိုပဲ ကမ္ဘာပေါ်က ဒုတိယအင်အားအကြီးမားဆုံး ကြည်းတပ်ကို ပိုင်ဆိုင်ထားတဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆင့်မြှင့်တင်မှုမှာ SIG716 မောင်းပြန်ရိုင်ဖယ်ကို ရွေးချယ်အသုံးပြုခဲ့တဲ့အတွက် လည်း ပိုမိုဂုဏ်ယူမိပါတယ်။” လို့ ဆစ်ဆာဝါကုမ္ပဏီရဲ့ ဥက္ကဋ္ဌနဲ့ CEO ရွန်ကိုဟန်းက ပြောပါတယ်။
“SIG716 မောင်းပြန်ရိုင်ဖယ်တွေကို စတင်အသုံးပြုတဲ့အချိန်ကတည်းက သေနတ်ရဲ့စွမ်းဆောင်မှုနဲ့ အားထားရ လောက်တဲ့အရည်အသွေးတွေနဲ့ ပတ်သက်ပြီး သုံးစွဲခဲ့တဲ့ တပ်ဖွဲ့ဝင်တွေဆီက တုံ့ပြန်မှုတွေကို ကျွန်တော်တို့ ရရှိ ခဲ့ပြီးဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနနဲ့ ဆက်ဆံရေးမြှင့်တင်ခဲ့သလို မိတ်ဖက်ဆက်ဆံရေး ပိုမို ခိုင်မာအောင် တည်ဆောက်ခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ရှေ့တန်းစစ်စခန်းတွေမှာ ကျွန်တော်တို့လက်နက် တွေကို တပ်ဆင်ပေးထားပြီး ယုံကြည်မှု ဆက်လက်တည်ဆောက်နိုင်တဲ့အတွက်လည်း ဂုဏ်ယူပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: SIG Sauer to Supply More Assault Rifles to Indian Army
#PeopleMedia