• Follow Us on

Home အိန္ဒိယက ပြည်ပပို့ကုန်ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ထိုင်းဆန်ကုန်သည်တွေ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရ

အိန္ဒိယက ပြည်ပပို့ကုန်ကန့်သတ်ချက်တွေ ရုပ်သိမ်းလိုက်တဲ့အတွက် ထိုင်းဆန်ကုန်သည်တွေ ဈေးကွက်ပြိုင်ဆိုင်မှုနဲ့ ရင်ဆိုင်နေရ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၆

 

ပြည်ပပို့ကုန်ကန့်သတ်တားဆီးမှုတွေကို အိန္ဒိယနိုင်ငံက ပြန်လည်ရုပ်သိမ်းဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့အတွက် ကမ္ဘာ့ဆန်ဈေးကျဆင်းဖို့ ခြိမ်းခြောက်နေတာကြောင့် ပြည်ပကိုဆန်တင်ပို့နေတဲ့ ထိုင်းဆန်ကုန်သည်တွေဟာ ပြိုင်ဆိုင်မှုမြင့်တက်မှုနဲ့ ရင်ဆိုင်နေရကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့သူများအသင်းက သတိပေးလိုက်ပါတယ်။

 

မကြာခင်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေပေမဲ့လည်း အောက်တိုဘာလမှာ ဆန်တန်ချိန် ၇၀၀၀၀၀ ထက်မ နည်းတင်ပို့သွားနိုင်မယ်လို့ ခန့်မှန်းထားကြောင်း ထိုင်းနိုင်ငံဆန်တင်ပို့သူများအသင်းဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ချာရွန်လာအိုသမာတက်စ်က ပြောပါတယ်။

 

ဖိလစ်ပိုင်နဲ့ ဂျပန်အပါအဝင် အဓိကအာရှဈေးကွက်တွေနဲ့ စာချုပ်ချုပ်ဆိုထားတဲ့အပြင် ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ ဆန်သိုလှောင်ထားဖို့အတွက် အာဖရိကဆန်တင်သွင်းတဲ့နိုင်ငံတွေက ဝယ်လိုအား မြင့်တက် လာတာကြောင့် အခုလို မှန်းဆထားတာဖြစ်တယ်လို့ဆိုပါတယ်။

 

အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဟောင်ကောင်နဲ့ စင်္ကာပူတို့လို ပုံမှန်ဈေးကွက်တွေကတော့ စံပယ်ဆန် ခေါ် ထိုင်းဆန်မွှေးကို ဆက်လက်မှာယူနေဆဲဖြစ်ကြောင်း ဆန်တင်ပို့သူများအသင်းက ပြောပါတယ်။

 

ဒါပေမဲ့ အိန္ဒိယနိုင်ငံက ပြည်ပပို့ကုန်အခွန်ကောက်ခံမှုကိုရော ပြည်ပဆန်တင်ပို့မှု အနိမ့်ဆုံးလိုအပ်ချက်တွေကို ရော ရုပ်သိမ်းလိုက်ပြီးနောက် အိန္ဒိယဆန်တင်ပို့သူတွေဟာ ကန့်သတ်တားဆီးမှုမရှိဘဲ ဆန်တင်ပို့လာနိုင်တဲ့အ တွက် ဈေးကွက်အခြေအနေ သိသိသာသာ ပြောင်းလဲလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

၂၀၂၄ ခုနှစ် ပထမ ၉ လအတွင်း ထိုင်းနိုင်ငံဟာ ဆန်တန်ချိန် ၇.၄၅ သန်း တင်ပို့နိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့နှစ် ထက် ၂၂% မြင့်တက်လာခဲ့သလို ၂၀၂၃ ခုနှစ် ကာလတူအချိန်နဲ့နှိုင်းယှဉ်ရင် ပြည်ပပို့ကုန်တန်ဖိုးကလည်း ၄၅.၈% မြင့်တက်လာခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

၂၀၂၄ ခုနှစ် စက်တင်ဘာလ ဆန်တင်ပို့မှုဟာ ၈၇၈၇၁၁ တန်ရှိတဲ့အတွက် သြဂုတ်လထက် ဝ.၈% ကျဆင်း သွားခဲ့ပါတယ်။ ပေါင်းဆန်နဲ့ ဆန်ကြမ်း ပြည်ပတင်ပို့မှု ကျဆင်းခဲ့ပေမဲ့လည်း ဆန်ဖြူနဲ့ စံပယ်ဆန်တို့ကတော့ ရောင်းအား ကောင်းနေဆဲဖြစ်ပါတယ်။

 

အီရတ်၊ ဖိလစ်ပိုင်၊ တိုဂို၊ ကမ်မရွန်း၊ ကန်ညာ၊ မိုဇမ်ဘစ်၊ ဘီနင်းနဲ့ ဂျပန်အပါအဝင် အဓိက ဆန်ဝယ်ယူတဲ့နိုင်ငံ တွေကို ဆန်ဖြူ ၅၀၇,၇၉၅ တန် ပို့ဆောင်ခဲ့ပါတယ်။

 

အိန္ဒိယဆန်တွေ ဈေးကွက်ထဲပြန်ဝင်လာရင် ထိုင်းဆန်ဈေးတွေ လျှော့ချရမယ့် အခြေအနေနဲ့ ရင်ဆိုင်ရမှာဖြစ် ကြောင်း လယ်ယာစီးပွားရုံး (OAE) က ပြောပါတယ်။

 

အောက်တိုဘာလ ၃၀ ရက်နေ့အထိ ထိုင်း ၅% ဆန်ဖြူဈေးဟာ တစ်တန်ကို ၅၀၇ ဒေါ်လာပေါက်ဈေးရှိပြီး ဗီယက်နမ်ဆန်ကတော့ တစ်တန်ကို ၅၂၄ ဒေါ်လာကနေ ၅၂၈ ဒေါ်လာအထိ ရှိပါတယ်။

 

အိန္ဒိယဆန်ကတော့ တစ်တန်ကို ၄၄၄ ဒေါ်လာကနေ ၄၄၈ ဒေါ်လာရှိပြီး ပါကစ္စတန်ဆန်က တစ်တန်ကိုယ ၄၆၁ ဒေါ်လာကနေ ၄၆၅ ဒေါ်လာအထိ ရှိပါတယ်။

 

၂၀၂၄-၂၅ ကမ္ဘာ့ဆန်ထုတ်လုပ်မှုဟာ တန်ချိန် ၅၃၀.၄ သန်း ရှိတဲ့အတွက် ၂၀၂၃-၂၄ ခုနှစ်ထုတ်လုပ်မှုထက် ၁.၇၁% မြင့်မားကြောင်း အမေရိကန် လယ်ယာစိုက်ပျိုုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တဲ့အတွက် ကမ္ဘာ့ဆန် ကုန်သွယ်မှုအခြေအနေဟာ အကောင်းဘက်မှာ ရှိနေဆဲဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

 

ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာ၊ သြစတေးလျနဲ့ တူရကီတို့အပါအဝင် အဓိကဆန်တင်ပို့နေတဲ့နိုင်ငံတွေ အနေနဲ့ ပြည်ပပို့ကုန်တန်ဖိုး လျော့ကျမယ်လို့ ခန့်မှန်းထားသလို သွင်းကုန်ဝယ်လိုအားကလည်း ဈေးကွက်အ များအပြားမှာ မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

အဲဒီ ဝယ်လက်နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တရုတ်၊ ဆော်ဒီအာရေးဘီးယား၊ အိုင်ဗရီကို့စ်၊ အီရန်၊ ယူအေအီးနဲ့ အာဖရိကနိုင်ငံ လေးငါးနိုင်ငံတို့ပဲဖြစ်ပါတယ်။

 

Ref: Thai rice exports face pressure as India lifts export ban

 

#PeopleMedia


Share this post