• Follow Us on
Latest News

Home အိန္ဒိယက အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ပို့ပေးနေတယ်လို့ဆို

အိန္ဒိယက အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ပို့ပေးနေတယ်လို့ဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၂၇

 

အစ္စရေးဟ-ဟားမတ်စ် ဂါဇာစစ်ပွဲဖြစ်ပွားနေချိန်မှာ အိန္ဒိယနိုင်ငံက အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ နေကြောင်း ကမ္ဘာ့မီဒီယာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။

 

စပိန်ကမ်းခြေမှာ ခေတ္တဝင်ရောက်ခဲ့တဲ့ ကုန်တင်သင်္ဘောတစ်စီးမှာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အတွက် ရော့ ကက်နဲ့ တခြားစစ်လက်နက်ပစ္စည်း တန်ချိန် ၃၀ ကျော်သယ်ဆောင်လာကြောင်း သတင်းအချက်အလက်ပေါက် ကြားမှုကို မြင်တွေ့ခဲ့ရတဲ့ အယ်ဂျာဇီယားသတင်းဌာနက ထုတ်ဖော်လိုက်ပါတယ်။

 

အဲဒီသင်္ဘောဟာ အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းက ထွက်ခွာလာတာဖြစ်ပြီး စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင် ဒေသကနေ ကီလိုမီတာ ၃၀ (၁၈ မိုင်) ဝန်းကျင်ကွာဝေးတဲ့ အက်ရှ်ဒုတ်မြို့ ဆိပ်ကမ်းကို ဦးတည်သွားတဲ့လမ်း ကြောင်းပေါ်မှာ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။

 

အဲဒီသင်္ဘောဟာ ပင်လယ်နီထဲမှာ ဟူသီသူပုန်တွေရဲ့ အဆက်မပြတ်တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ဖို့အတွက် အာဖရိကဘက်ကနေ ပတ်မောင်းလာတာလို့ဆိုပါတယ်။

 

သင်္ဘောပေါ်မှာပါတဲ့သူအားလုံးဟာ ဘယ်လိုအခြေအနေမျိုးမှာဖြစ်စေ အစ္စရေးနာမည်နဲ့ Elbit Systems ရဲ့ ကုမ္ပဏီခွဲ IMI Systems နာမည်တွေကို အသုံးမပြုရဘူးလို့ ပေါက်ကြားလာတဲ့သတင်းအချက်အလက်တွေ ထဲက စာတစ်ပိုဒ်မှာ ဖော်ပြထားကြောင်း အယ်ဂျာဇီယားသတင်းဌာနက ပြောပါတယ်။

 

အစ္စရေးစစ်တပ်အနေနဲ့ အဲဒီလက်နက်တွေကိုအသုံးပြုပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်မှာကို စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အတွက် ဂါဇာတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေတင်ပို့တာဟာ အငြင်းပွားဖွယ်ရာဖြစ်လာပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်တွေရဲ့အငိုက်ဖမ်းတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ပါလက်စတိုင်းလူမျိုး ၃၇,၀၀၀ ကျော်သေဆုံး သွားပြီဖြစ်တယ်လို့ ဆိုပါတယ်။

 

အဆိုပါသင်္ဘော စပိန်ကမ်းခြေမှာ ခေတ္တဝင်ရောက်နားခိုတဲ့အချိန်မှာ ပါလက်စတိုင်းထောက်ခံသူတွေက ပါလက် စတိုင်းအလံတွေလွှင့်ထူရင်း ဆန္ဒပြခဲ့ကြပြီး အဲဒီသင်္ဘောကို စစ်ဆေးဖို့ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

 

အဲဒီသင်္ဘောရဲ့မန်နေဂျာဖြစ်သူကတော့ ၎င်းတို့သင်္ဘောမှာ အစ္စရေးအတွက် ဘာမှသယ်ဆောင်လာခြင်းမရှိဘူး လို့ ပြောပါတယ်။

 

အိန္ဒိယသင်္ဘောပေါ်မှာ အစ္စရေးနိုင်ငံအတွက် ခေတ်မီ Hermes 900 ဒရုန်းတွေန်ဲ့ တခြားစစ်လက်နက်ပစ္စည်း တွေ သယ်လာတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

 

အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေပို့ပေးဖို့ အိန္ဒိယအစိုးရက ဆုံးဖြတ်ခဲ့တာဟာ ကျေးဇူးပြန်ဆပ်တဲ့ နည်းလမ်း တစ်ရပ်ဖြစ်နိုင်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ်ဟောင်း ဒန်နီရယ်ကာမန် (Daniel Carmon) က ပြောပါတယ်။

 

၁၉၉၉ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ဖြစ်နေချိန်မှာ အစ္စရေးနိုင်ငံကလည်း အိန္ဒိယကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။ “အိန္ဒိယတွေက ကျွန်တော့်ကို အမြဲပြောလေ့ရှိတယ်။

 

ကာဂီစစ်ပွဲတုန်းက အစ္စရေးဟာ သူတို့ဘက်က ထောက်ခံ ခဲ့တယ်။ အစ္စရေးဟာ အဲဒီအချိန်က အိန္ဒိယကို ထောက်ခံခဲ့တဲ့ ရှားရှားပါးပါး နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီး စစ် လက်နက်ပစ္စည်းတွေပါ ထောက်ပံ့ခဲ့ပါတယ်လို့ ပြောပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: India Supplying Israel with Weapons ‘to Return Favor’: Reports

 

#PeopleMedia


Share this post