အိန္ဒိယက အာလူးတန်ချိန် ၃၄၀၀၀ ဘင်္ဂလားဒေ့ရှ်တင်သွင်းမည်
PUBLISHED - February 3, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၃
အာလူးဈေးနှုန်းလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံ ဟီလီကုန်းတွင်းလမ်းကုန်စည်ဂိတ် ကတစ်ဆင့် အာလူး ၃၄,၀၀၀ တန် တင်သွင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုလိုက်ပါတယ်။
အစိုးရအနေနဲ့ အသီးအရွက်ဈေးတွေမြင့်တက်နေတာကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို အာလူးတွေတင်သွင်း ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဟီလီကုန်းတွင်းလမ်းကုန်စည်ဂိတ် အသီးအရွက်ညစ်ညမ်းမှုထိန်းချုပ်ရေး စင်တာက ဒုတိယလက်ထောက်အရာရှိဖြစ်သူ ယူဆွတ်အလီက ပြောပါတယ်။
စနေ/တနင်္ဂနွေနေ့မှာ ကုန်သည် ၄၉ ဦးက အာလူးတွေ စတင်တင်သွင်းသွားမှာဖြစ်ကြောင်း ယူဆွတ်အလီက ပြောပါတယ်။
“လက်လီဈေးကွက်ထဲမှာ အာလူး တစ်ကီလိုကို တာကာ ၄၀-၄၅ နဲ့ ရောင်းချနေပါတယ်။ အခုနှစ် ဈေးနှုန်းအရ ဆိုရင် ဒီဈေးနှုန်းဟာ ပုံမှန်မဟုတ်ဘဲ မြင့်နေတာဖြစ်ပါတယ်။ လက်ရှိအခြေအနေကို စဉ်းစားပြီး ရာမဒန်ဥပုသ်လ မတိုင်ခင် တချို့အသီးအနှံဈေးတွေကို ထိန်းချုပ်နိုင်ဖို့အတွက် အစိုးရက အခုလို အာလူးတင်သွင်းခွင့်ပြုဖို့ ဆုံး ဖြတ်လိုက်တာဖြစ်ပါတယ်။” လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ ရှာဟီဒူအစ္စလာမ်က ပြောပါတယ်။
အိန္ဒိယအာလူးတွေ ဈေးကွက်ထဲရောက်လာတာနဲ့ အာလူးဈေး ကျသွားမယ်လို့ မျှော်လင့်ထားကြောင်း ၎င်းက ပြောပါတယ်။
Ref: 34,000 tons of potatoes to be imported from India
#PeopleMedia