• Follow Us on
Latest News

Home အိန္ဒိယချိုချင်သင်္ဘောကျင်းကုမ္ပဏီ ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ရေတပ်နဲ့ စာချုပ်လက်မှတ်ထိုး

အိန္ဒိယချိုချင်သင်္ဘောကျင်းကုမ္ပဏီ ပြုပြင်ထိန်းသိမ်းရေးအတွက် အမေရိကန်ရေတပ်နဲ့ စာချုပ်လက်မှတ်ထိုး

Share this post

နိုင်ငံတကာ၊ ဧပြီ ၉

 

အိန္ဒိယနိုင်ငံရဲ့ ချိုချင်သင်္ဘောကျင်းကုမ္ပဏီလီမိတက်ဟာ အမေရိကန်ရေတပ်နဲ့ သင်္ဘောပြုပြင်ထိန်းသိမ်းခြင်းနဲ့ ပြန်လည်ပြုပြင်ခြင်း သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

မာဇာဂွန်သင်္ဘောကျင်းနဲ့ ကက်တူပါလီဆိပ်ကမ်းအသုံးပြုခွင့် သဘောတူညီချက်တွေကို လက်ဆန်နဲ့ တူဘရို ကုမ္ပဏီ (Larsen & Toubro) နဲ့ ၂၀၂၃ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပြီးနောက် အခုလို တတိယမြောက်သဘော တူညီချက်စာချုပ်တစ်ရပ်ကို အိန္ဒိယကုမ္ပဏီတစ်ခုနဲ့ ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသမှာ အခုလို ပြုပြင်ထိန်းသိမ်းမှုနဲ့ ပြန်လည်ပြင်ဆင်မှုအတွက် အမေရိကန်ရေတပ်က တိုးချဲ့ ဆောင်ရွက်လာတာဟာ ဒေသတွင်းမှာ အဲဒီလို သင်္ဘောကျင်းတွေ ရရှိမှု အကန့်အသတ်တွေရှိနေတာကြောင့် ဖြစ်တယ်လု့ိ ဆိုပါတယ်။

 

ဒါ့အပြင် အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှမှာရှိတဲ့ သင်္ဘောကျင်းတွေထက် အမေရိကန်ရေတပ်ကို ပိုပြီးတော့ ဘေးကင်းလုံခြုံတဲ့လမ်းကြောင်းရွေးချယ်မှုတစ်ခု ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။

 

“လက်ရှိအချိန်မှာ ပြုပြင်ထိန်းသိမ်းဖို့လိုနေတဲ့ အမေရိကန်စစ်သင်္ဘောတွေ လွန်းတင်နိုင်တဲ့ သင်္ဘောကျင်း အရေအတွက်က အကန့်အသတ်နဲ့သာ ရှိနေပါတယ်။ အဲဒီအကန့်အသတ်ရှိနေတဲ့ နေရာတွေအားလုံးဟာလည်း တရုတ်စစ်တပ်က တိုက်ခိုက်ဖို့ လက်လှမ်းမီတဲ့ နယ်မြေအတွင်းမှာပဲ ရှိနေတာပါ။” လို့ ရေတပ်အတွင်းဝန် ကာ ရိုးဒဲလ်တိုရိုစကားကို ကိုးကားပြီး အမေရိကန်ရေတပ်အင် စတီကျူသတင်းဌာန USNI News က ရေးသားထား ပါတယ်။

 

“ဟာဝိုင်ယီနဲ့ မြောက်အမေရိကတိုက်မှာ တခြားသင်္ဘောကျင်းတွေရှိပေမဲ့ ရှေ့ပြေးကြာရှည်တပ်ဖြန့်ချထားတဲ့ စစ်သင်္ဘောတွေအတွက် အဆင်သင့်မဖြစ်သေးပါဘူး။” လို့ USNI News က ပြောပါတယ်။

 

အမေရိကန်အစိုးရဟာ အမေရိကန်ရှေ့ပြေးကြာရှည်တပ်ဖြန့်ချထားတဲ့စစ်သင်္ဘောတွေအတွက် ပြုပြင်ထိန်းသိမ်း မှုနဲ့ ပြန်လည်ပြုပြင်မှုတွေဆောင်ရွက်ပေးနိုင်မယ့်နေရာတွေအဖြစ် ဂျပန်နိုင်ငံမှာ သီးသန့်သင်္ဘောကျင်းတွေ တည်ဆောက်ဖို့လည်း ဆန်းစစ်လေ့လာနေပါတယ်။

 

Ref: Third Indian Shipyard Signs Maintenance Agreement with US Navy

 

#PeopleMedia


Share this post