• Follow Us on

Home အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နှင်ထုတ်လိုက်ပြီးနောက် မော်လဒီးစ်အစိုးရ တရုတ်နဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆို

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နှင်ထုတ်လိုက်ပြီးနောက် မော်လဒီးစ်အစိုးရ တရုတ်နဲ့ ကာကွယ်ရေးစာချုပ်ချုပ်ဆို

Share this post

နိုင်ငံတကာ၊ မတ် ၆

 

အိန္ဒိယတပ်ဖွဲ့ဝင်တွေကို နိုင်ငံထဲကထွက်ခွာသွားဖို့ အမိန့်ထုတ်လိုက်ပြီး တရုတ်နိုင်ငံနဲ့ ကာကွယ်ရေးစာချုပ်ချုပ် ဆိုလိုက်ပြီးနောက် မော်လဒီးစ်နိုင်ငံကို စစ်ရေးအကူအညီတွေပေးသွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံက သဘော တူညီလိုက်ပါတယ်။

 

မော်လဒီးစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံတို့ စစ်ရေးသဘောတူစာချုပ်တစ်ရပ်ချုပ်ဆိုခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ X လူမှုကွန်ရက်မှာ တနင်္လာနေ့ (မတ်လ ၄ ရက်နေ့) က ဖော်ပြထားပါတယ်။

 

တရုတ်နိုင်ငံက ဘယ်လိုစစ်လက်နက်ပစ္စည်းတွေထောက်ပံ့မယ်ဆိုတာ အသေးစိတ်မဖော်ပြပေမဲ့ နှစ်နိုင်ငံ စစ် ဘက်အရာရှိတွေ လက်မှတ်ရေးထိုးနေတဲ့ပုံတွေကိုတော့ အဲဒီပို့စ်ထဲမှာ ဖော်ပြခဲ့ပါတယ်။

 

ရွေးကောက်ပွဲမဲဆွယ်ပွဲမှာ အိန္ဒိယသြဇာလွှမ်းမိုးမှုကို လျှော့ချပြီး တရုတ်နိုင်ငံနဲ့ ပိုမိုရင်းနှီးစွာဆက်ဆံမယ်လို့ က တိပေးခဲ့တဲ့ သမ္မတမိုဟာမက်မုအိဇူ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ရွေးကောက်ပွဲမှာ အနိုင်ရလာပြိးနောက် အခုလို မော်လဒီးစ်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့တာဖြစ်ပါတယ်။

 

ဇန်နဝါရီလက ဘေဂျင်းမြို့မှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ သွားရောက်တွေ့ဆုံပြီးနောက် အချိန်တိုအတွင်းမှာပဲ နိုင်ငံတွင်းမှာရှိတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေကို ပြန်လည်ဆုတ်ခွာဖို့ သမ္မတမုအိဇူက တရားဝင်အကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံက မော်လဒီးစ်နိုင်ငံရဲ့တောင်းဆိုမှုအတိုင်း ၎င်းတို့တပ်ဖွဲ့ဝင်တွေကို မေလ ၁၀ ရက်နေ့ကစပြီး ပြန် လည်ရုပ်သိမ်းပေးသွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့လက အကြောင်းကြားခဲ့ပါတယ်။

 

အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့ဟာ မော်လဒီးစ်နိုင်ငံထဲမှာ အခြေခံအဆောက်အဦတွေ တည်ဆောက်ပေးသလို ချေး ငွေတွေ ထုတ်ချေးပေးရင်း မော်လဒီးစ်နိုင်ငံကို သြဇာလွှမ်းမိုးဖို့ အပြိုင်ကြိုးစားခဲ့ကြပါတယ်။

 

တရုတ်နိုင်ငံက မော်လဒီးစ်နိုင်ငံအတွက် သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ လူနာတင်ယာဉ် ၁၂ စီးကိုလည်း ထောက်ပံ့ခဲ့ကြောင်း မော်လဒီးစ်မီဒီယာတွေမှာ တနင်္လာနေ့က ဖော်ပြထားပါတယ်။

 

အငြင်းပွားဖွယ်ရာ တရုတ်သုတေသနသင်္ဘောအမည်ခံ သင်္ဘောတစ်စီးဟာလည်း ဖေဖော်ဝါရီလ ၂၂ ရက်နေ့က မော်လဒီးစ်နိုင်ငံကို ဆိုက်ကပ်လာခဲ့ပါတယ်။ မာလီမြို့တော်အနီးက သီလာဖူရှီစက်မှုဆိပ်ကမ်းမှာ Xiang Yang Hong 3 အမည်နဲ့ တရုတ်သင်္ဘောတစ်စီးကို တွေ့ရှိရကြောင်း ဒေသခံ ပြည်သူတွေက AFP ကို ပြောပါတယ်။

 

Ref: Maldives seals military pact with China as Indian troops leave

 

#PeopleMedia


Share this post