• Follow Us on
Latest News

Home အိန္ဒိယနိုင်ငံက အမေရိကန်ထုတ် Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ ဝယ်ယူမည်

အိန္ဒိယနိုင်ငံက အမေရိကန်ထုတ် Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ ဝယ်ယူမည်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈

 

အိန္ဒိယကြည်းတပ်အတွက် အမေရိကန်ထုတ် Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ် အလက် ၇၀,၀၀၀ ဝယ်ယူဖို့ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ခွင့်ပြုလိုက်ကြောင်း စစ်တပ် သတင်းရင်းမြစ်တွေက India Today ကို ပြောကြားလိုက်ပါတယ်။

 

တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ တခြားအရေးကြီးစစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ရည်ရွယ်ပြီး ဝယ်ယူသွား မယ့် အဲဒီလက်နက်ငယ်တွေရဲ့တန်ဖိုးဟာ အိန္ဒိယရူပီး ၈၀၀ ခရိုး (ဒေါ်လာ ၉၆ သန်း) ဝန်းကျင်ရှိမယ်လို့ ခန့်မှန်း တွက်ချက်ထားပါတယ်။

 

အခုဝယ်ယူမယ့် အစီအစဉ်ဟာ အမေရိကန်ထုတ်လက်နက်တွေကို အိန္ဒိယနိုင်ငံက ဒုတိယအကြိမ်မြောက်ဝယ် ယူတာဖြစ်ပြီး ၂၀၁၉ ခုနှစ်က အိန္ဒိယနိုင်ငံဟာ အမေရိကန်ထုတ် 7.62x51mm ကျည်သုံး မောင်းပြန်ရိုင်ဖယ် အ လက် ၇၂,၄၀၀ ကို ဝယ်ယူခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံနဲ့ စစ်ရေးအရ လိပ်ခဲတည်းလည်းအခြေအနေရှိနေသလို ဂျမူးနဲ့ ကက်ရှ်မီးယား နယ်စပ်တွေမှာလည်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

အဲဒီလိုအခြေအနေတွေကြောင့် ခြေလျင်တပ်ရင်းတွေရဲ့ ပစ်အားကို မြှင့်တင်ဖို့ လိုအပ်လာတဲ့အတွက် အခုလို အမေရိကန်ထုတ် လက်နက်ငယ်တွေကို ဝယ်ယူလာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ရဲ့ အရည်အသွေးမြင့်မားမှုနဲ့ တာဝေးပိုမိုပစ်ခတ်နိုင်မှုတို့ ကြောင့် အဲဒီလက်နက်ငယ်ကို ဝယ်ယူဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

 

Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ဟာ Sig Sauer 516 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ကို အ ဆင့်မြှင့်တင်ထားတဲ့ မူကွဲမောင်းပြန်ရိုင်ဖယ်ဖြစ်ပြီး SR-25 ကျည်ဘောက်နဲ့ ပိုမိုအရွယ်အစားကြီးမားတဲ့ကျည် ကို အသုံးပြုထားတဲ့အတွက် ပစ်အား/ထိရောက်မှုအား ပိုမိုကောင်းမွန်တယ်လို့ ဆိုပါတယ်။

 

မူကွဲ Sig Sauer SiG 716 ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်ကို အဆင့်မြှင့်တင်ထားသလို အဲဒီလက်နက်ငယ်မှာ တပ်ဆင်အသုံးပြုဖို့ ညကြည့် ၃၀၀၀၀ ထုတ်လုပ်ပေးဖို့အတွက်လည်း ဒေသတွင်း စစ်လက်နက်ပစ္စည်းထုတ် လုပ်ရေးကုမ္ပဏီတွေကို အိန္ဒိယကြည်းတပ်က တင်ဒါခေါ်ထားပါတယ်။

 

အိန္ဒိယကြည်းတပ်ဟာ ကနဦးကဝယ်ယူထားတဲ့ အမေရိကန်ထုတ် မောင်းပြန်ရိုင်ဖယ်တွေကို ခြေလျင်တပ်ရင်း တွေ ရင်ဆိုင်တွေ့ကြုံရတဲ့ တိုက်ပွဲတွေမှာ အသုံးပြုခဲ့ကြပါတယ်။

 

Ref: India to Purchase 70,000 Sig Sauer Rifles From US

 

#PeopleMedia


Share this post