• Follow Us on

Home အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးမောင်းသူမဲ့ဗုံးကြဲလေယာဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးမောင်းသူမဲ့ဗုံးကြဲလေယာဉ် အောင်မြင်စွာ စမ်းသပ်ပျံသန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၅

 

အိန္ဒိယနိုင်ငံဟာ FWD 200B အမည်ရှိ ပထမဦးဆုံး ပြည်တွင်းထုတ် မောင်းသူမဲ့ဗုံးကြဲလေယာဉ် ပထမဦးဆုံးအ ကြိမ်စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

အမြင့်ပေ အလယ်အလတ်နဲ့ တာဝေးပျံ (MALE) FWD 200B ဗုံးကြဲဒရုန်းမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ ဗုံးကြဲ စစ်ဆင်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့လက်နက်တွေ တပ်ဆင်ထားပါတယ်။

 

ဒါ့အပြင် FWD 200B ဒရုန်းမှာ ခေတ်အမီဆုံး အာရုံခံကိရိယာနဲ့ လိုအပ်တဲ့ပစ္စည်းတွေတပ်ဆင်ထားတဲ့အတွက် စောင့်ကြည့်ထောက်လှမ်းနဲ့ ကင်းထောက်တာဝန်တွေကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

 

အီရန်ထုတ် Shahed-136 ဒရုန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် FWD 200B ဒရုန်းဟာ တစ်နာရီကို ကီလိုမီတာ ၂၅၀ (၁၅၅ မိုင်) နှုန်း ပျံသန်းနိုင်ပြီး လေထဲမှာ ၇ နာရီကျော် လှည့်ပတ်ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။

 

FWD 200B ဒရုန်းရဲ့ စစ်ဆင်ရေးဆောင်ရွက်နိုင်တဲ့ အကွာအဝေးကတော့ ကီလိုမီတာ ၈၀၀ (၄၉၇မိုင်) ဖြစ်ပြီး လေယာဉ်ဆင်းတက်ဖို့အတွက် မီတာ ၃၀၀ (၉၈၄ ပေ) အရှည်ရှိတဲ့ ပြေးလမ်းတစ်ခုလိုအပ်ပါတယ်။

 

တာဝန်ထမ်းဆောင်ခွင့်ရပြီဆိုတာနဲ့ အမြင့်ဆုံး အမြင့်ပေ ၁၅၀၀၀ (၄.၆ ကီလိုမီတာ) ပျံသန်းနိုင်တဲ့ FWD 200B ဒရုန်းဟာ အိန္ဒိယတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ မဟာဗျူဟာမြောက် ပြောင်းလွယ်ပြင်လွယ်ဖြစ်မှုကို မြှင့်တင်ပေးသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

 

တိုက်ခိုက်ရေးဒရုန်းလိုအပ်ချက်တွေ ဖြည့်ဆည်းဖို့အတွက် နိုင်ငံတကာက ထောက်ပံ့ရေးအဖွဲ့တွေကို ရှာဖွေရာ မှာ အိန္ဒိယနိုင်ငံအနေနဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရစဉ်အတွင်း အခုလို FWD 200B ဒရုန်းကို ကိုယ်တိုင်ထုတ် လုပ်ခဲ့တာဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံက အမေရိကန် MQ-9B Predator ဒရုန်းတွေကို ဝယ်ယူဖို့ဆောင်ရွက်နေတုန်း ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရစဉ်မှာပဲ တူရကီနိုင်ငံကလည်း ၎င်းတို့ရဲ့ Bayraktar ဒရုန်းတွေကို အိန္ဒိယအစိုးရကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။

 

အခုအသစ်ထုတ်လိုက်တဲ့ FWD 200B ဒရုန်းဟာ နိုင်ငံခြားက တင်သွင်းတဲ့လက်နက်စနစ်တွေနဲ့ နှိုင်းယှဉ်ရင် ထိရောက်ပြီး ကုန်ကျစရိတ်သက်သာတဲ့ လက်နက်ဖြစ်ကြောင်း လက်နက်ထုတ်လုပ်ခဲ့တဲ့ Flying Wedge Defence and Aerospace (FWDA) ကုမ္ပဏီက ပြောပါတယ်။

 

FWD 200B ဒရုန်းရဲ့ aerodynamics ၊ airframe ၊ propulsion system s ၊ control systems နဲ့ electronics အားလုံးကို ပြည်တွင်းမှာပဲ ဒီဇိုင်းရေးဆွဲထုတ်လုပ်ထားတာကြောင့် ကာကွယ်ရေးကဏ္ဍမှာ အိန္ဒိယနိုင်ငံရဲ့ ကိုယ့် အားကိုယ်ကိုးနိုင်မှုကိုလည်း ဂုဏ်ယူနိုင်မှာဖြစ်ကြောင်း FWDA ကုမ္ပဏီက ပြောပါတယ်။

 

“အိန္ဒိယနိုင်ငံဟာ ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ ကမ္ဘာ့အကြီးမားဆုံး လက်နက်တင်သွင်းတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီလို တင်သွင်းရာမှာ အမေရိကန်နဲ့ အစ္စရေးတို့လို နိုင်ငံတွေဆီက စစ်ဘက်ဆိုင်ရာနည်းပညာတွေအတွက် ကျသင့် ငွေရဲ့ ဆယ်ဆကို ပေးချေခဲ့ရပါတယ်။” လို့ FWDA ကုမ္ပဏီ အကြီးအကဲ ဆူဟက်တီဂျစ်ကန်ဒါက ပြောပါတယ်။

 

“FWD 200B ဒရုန်းကို အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်တာဟာ ကျွန်တော်တို့ ကုမ္ပဏီတစ်ခုတည်းရဲ့ အောင် မြင်မှုမဟုတ်ပါဘူး။ တစ်နိုင်ငံလုံးရဲ့ အောင်မြင်မှုပါ။” လို့ ၎င်းက ပြောပါတယ်။

 

Ref: India’s First Unmanned Bomber Aircraft Completes Maiden Flight

 

#PeopleMedia


Share this post