• Follow Us on
Latest News

Home အိန္ဒိယနဲ့ တရုတ်စစ်ဘက်ခေါင်းဆောင်များ နယ်စပ်ဒေသမှာ ၁၉ ကြိမ်မြောက်အစည်းအဝေးကျင်းပ

အိန္ဒိယနဲ့ တရုတ်စစ်ဘက်ခေါင်းဆောင်များ နယ်စပ်ဒေသမှာ ၁၉ ကြိမ်မြောက်အစည်းအဝေးကျင်းပ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၁၅

 

အိန္ဒိယတပ်မတော်နဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တို့ဟာ နယ်စပ်ဒေသတစ်လျှောက် တင်းမာမှုတွေလျှော့ချနိုင်ဖို့အတွက် နိုင်ငံအရှေ့ပိုင်းက လာဒက်ဒေသမှာ ၁၉ ကြိမ်မြောက်အစည်းအဝေးကို တနင်္လာနေ့က (သြဂုတ်လ ၁၄ ရက်နေ့) မှာ ကျင်းပခဲ့ကြပါတယ်။

 

နှစ်ဖက်တပ်တွေဟာ သုံးနှစ်ကျော်လိပ်ခဲတည်းလည်း အခြေအနေကို ဖြတ်သန်းပြီးမှ အခုလို အစည်းအဝေး ကျင်းပနိုင်ခဲ့တာဖြစ်ကြောင်း နီးစပ်သူတွေက ပြောပါတယ်။

 

အစည်းအဝေးကို ချူရှူးကျေးရွာနဲ့ မယ်လ်ဒိုကျေးရွာကြားက အစည်းအဝေးကျင်းပတဲ့နေရာမှာ ကျင်းပခဲ့တာဖြစ် ပြီး မနက် ၉ နာရီခွဲမှာစတင်ခဲ့တဲ့အစည်းအဝေးဟာ ညနေ ၅ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။

 

အခုသတင်းထွက်ပေါ်လာတဲ့ တနင်္လာနေ့ညပိုင်းအထိ အစည်းအဝေးရလဒ်တွေကို မသိရသေးဘူးလို့ဆိုပါ တယ်။ ကြေညာချက်တွေကတော့ အရင်အစည်းအဝေးတွေတုန်းကလိုပဲ နောက်ထပ် နှစ်ရက်/သုံးရက်လောက် နေမှ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

 

ဧပြီလ ၂၃ ရက်နေ့က ၁၈ ကြိမ်မြောက်အစည်းအဝေးကျင်းပပြီး လေးလနီးပါးအကြာမှာ အခုလို တပ်မှူးအဆင့် ၁၉ ကြိမ်မြောက် အစည်းအဝေးကို ကျင်းပခဲ့တာဖြစ်ပါတယ်။

 

စစ်ဘက်ဆိုင်ရာရော သံတမန်နည်းလမ်းအရရောက် နှစ်ဖက်တွေ့ဆုံမှုတွေပြုလုပ်ခဲ့ပေမဲ့ ပြုလုပ်ခဲ့တဲ့အစည်း အဝေးတွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုရလဒ်တွေ ဘာမှထွက်ပေါ်လာခဲ့ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

 

ဂါလွမ်တောင်ကြား၊ ပန်ဂေါင်းဆိုကန်၊ ဂိုဂရာစားကျက်မြေ (PP-17A) နဲ့ ဂိုရာရေပူစမ်း (PP-15) တို့မှာ အစည်း အဝေးလေးကြိမ်ကျင်းပခဲ့ပေမဲ့ အိန္ဒိယဘက်ကရော တရုတ်ဘက်ကပါ နှစ်နိုင်ငံနယ်စပ် လာဒက် စစ်နယ်ဝန်းမှာ ထောင်ပေါင်းများစွာရှိတဲ့တပ်တွေနဲ့ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို တပ်ဖြန့်ချထားဆဲဖြစ်ပါတယ်။

 

Ref: India, China hold military talks after nearly 4 months

 

#PeopleMedia


Share this post