• Follow Us on

Home အိန္ဒိယဘာသာရေးပွဲတော်မှာ လူအုပ်စုပြုံတိုးဝှေ့ရင်း ၁၂၁ ဦး သေဆုံး

အိန္ဒိယဘာသာရေးပွဲတော်မှာ လူအုပ်စုပြုံတိုးဝှေ့ရင်း ၁၂၁ ဦး သေဆုံး

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၃

 

အိန္ဒိယနိုင်ငံမှာ ဇူလိုင်လ ၂ ရက်နေ့က ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုမှာ လူအလွန်များပြားပြီး ဝရုန်းသုန်းကား စုပြုံတိုးဝှေ့တဲ့အတွက် သေဆုံးသွားတဲ့လူဦးရေစာရင်းဟာ ၁၂၁ ဦးအထိ မြင့်တက်လာကြောင်း ANI သတင်း ဌာနက ဗုဒ္ဓဟူးနေ့ (ဇူလိုင်လ ၃ ရက်နေ့) က ရေးသားဖော်ပြခဲ့ပါတယ်။

 

ပွဲတော်တက်ရောက်လာတဲ့လူဦးရေဟာ ပွဲစီစဉ်သူခွင့်ပြုထားတဲ့ လူဦးရေထက် သုံးဆကျော်များပြားနေကြောင်း ရဲတပ်ဖွဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

ပွဲစီစဉ်သူက လူဦးရေ ၈၀,၀၀၀ အတွက်သာ ခွင့်ပြုထားပေမဲ့ တက်ရောက်လာတဲ့လူဦးရေက ၂၅၀,၀၀၀ ဝန်း ကျင် ရှိတယ်လို့ ရဲတပ်ဖွဲ့အစီရင်ခံစာကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ပြောပါတယ်။

 

နယူးဒေလီမြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၂၀၀ ဝန်းကျင်အကွာအဝေးမှာရှိတဲ့ ဥတ္တာပရာဒက်ရှ်ပြည် နယ်၊ ဟဟ်သရာခရိုင်က ကျေးရွာတစ်ရွာမှာ အင်္ဂါနေ့က ပြုလုပ်တဲ့ အဲဒီဘာသာရေးအခမ်း အနားမှာ လူတွေ ကြောက်လန့်တကြား ဝရုန်းသုန်းကားပြေးလွှားခဲ့ကြတာဖြစ်ပါတယ်။

 

ဖြစ်စဉ်ကြောင့် ပွဲတော်တက်ရောက်လာသူ ၁၂၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

 

သေဆုံးသူတွေထဲမှာ အမျိုးသမီး ၁၀၈ ဦးနဲ့ ကလေးသူငယ် ၇ ဦး ပါဝင်ကြောင်း ဥတ္တာပရာဒက်ရှ်ပြည်နယ် ဝန် ကြီးချုပ် မာနတ်ဂျ်ကူမားဆင်းက သတင်းထောက်တွေကို ပြောပါတယ်။

 

လူထောင်ပေါင်းများစွာဟာ အော်ဟစ်ပြေးလွှားရင်း ကားတွေဆီကို ပြေးသွားကြသလို တစ်ဦးနဲ့ တစ်ဦး တွန်း တိုက်မိပြီး တချို့လည်း ရွှံ့တောထဲ မှောက်လဲကုန်ကြတယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ဘာသာရေးပွဲတော်တွေအတွင်း လူတွေစုပြုံတိုးဝှေ့ရင်း ဝရုန်းသုန်းကားဖြစ်ပြီး သေဆုံးတဲ့ဖြစ်စဉ် တွေက ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပါတယ်။

 

ဝန်ကြီးချုပ်မရန်ဒရာမိုဒီကတော့ ကျန်ရစ်သူမိသားစုတွေကို ဝမ်းနည်းစကားပြောပါတယ်။

 

သေဆုံးသူတစ်ဦးစီအတွက် ကျန်ရစ်သူမိသားစုကို ရူပီးငွေ ၂၀၀,၀၀၀ (ဒေါ်လာ ၂,၄၀၀) နဲ့ ဒဏ်ရာရသူတစ်ဦး စီ အတွက် ရူပီးငွေ ၅၀,၀၀၀ လျော်ကြေးငွေပေးအပ်သွားမှာဖြစ်ကြောင်း အိန္ဒိယသမ္မတရုံးက ပြောပါတယ်။

 

Ref: At Least 121 People, Mostly Women, Killed in India Stampede

 

#PeopleMedia


Share this post