• Follow Us on
Latest News

Home အိန္ဒိယမှ မြန်မာအတွက် ဆန်တန်ချိန် ၂၀၀၀ ကျော် လှူဒါန်း

အိန္ဒိယမှ မြန်မာအတွက် ဆန်တန်ချိန် ၂၀၀၀ ကျော် လှူဒါန်း

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၃

 

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် ဆန်တန်ချိန် ၂၂၀၀ ကျော်ကို လှူဒါန်းလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ သိရသည်။

 

မြန်မာနိုင်ငံပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ တိုးချဲ့ပေးအပ်နိုင်ရေး အတွက် ၎င်း၏ကတိကဝတ်ကို ထပ်မံအတည်ပြုသည့်အနေဖြင့် အိန္ဒိယနိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွက် ဆန်မက်ထရစ်တန်ချိန် ၂၂၀၀ ကို ချန်နိုင်းဆိပ်ကမ်းမှ ယနေ့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ပြည်သူ ၁၄၀,၀၀၀ ခန့်ကို အကျိုးပြုရန်အတွက်လှူဒါန်းသည့် ကွန်တိန်နာ ၈၆ လုံးပါသင်္ဘာဖြင့် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး၊ ရန်ကုန်ဆိပ်ကမ်း၌ ယနေ့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post