• Follow Us on

Home အိန္ဒိယရေတပ်က မော်လဒီးစ်နိုင်ငံအနီးမှာ ရေတပ်စခန်းအသစ်တစ်ခု ဖွင့်လှစ်မည်

အိန္ဒိယရေတပ်က မော်လဒီးစ်နိုင်ငံအနီးမှာ ရေတပ်စခန်းအသစ်တစ်ခု ဖွင့်လှစ်မည်

Share this post

နိုင်ငံတကာ၊ မတ် ၅

 

မော်လဒီးစ်နိုင်ငံမှာရှိတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ ပြန်လည်ရုပ်သိမ်းခြင်းမပြုခင် မော်လဒီးစ်ကျွန်းနိုင်ငံအနီးမှာတည် ရှိတဲ့ ကျွန်းစုတွေမှာ စစ်စခန်းအသစ်တစ်ခုဖွင့်လှစ်ပြီး ၎င်းတို့ရဲ့တပ်ဖွဲ့ဝင်အင်အားတွေကို တိုးမြှင့်ချထား တော့ မှာဖြစ်ကြောင်း အိန္ဒိယရေတပ်က ပြောကြားလိုက်ပါတယ်။

 

အိန္ဒိယတပ်တွေကို နိုင်ငံထဲကနေ နှင်ထုတ်သွားမယ်လို့ ကတိပြုပြီး ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲမှာအနိုင်ရလာ တဲ့ တရုတ်လိုလားတဲ့ သမ္မတမိုဟာမက်မုအိဇူတက်လာပြီးနောက် အိန္ဒိယနဲ့ မော်လဒီးစ်နိုင်ငံကြားက ဆက်ဆံ ရေး ပိုမိုအေးစက်လာခဲ့ပါတယ်။

 

အရှေ့-အနောက် နိုင်ငံတကာသင်္ဘောလမ်းကြောင်းကို ခွဲလျက်အနေအထားနဲ့တည်ရှိနေတဲ့ မော်လဒီးစ်ကျွန်း နိုင်ငံလေးမှာ တရုတ်လွှမ်းမိုးကြီးစိုးမှု ပိုမိုမြင့်တက်လာမှာကို အိန္ဒိယနိုင်ငံက သင်္ကာမကင်းဖြစ်နေပြီး အခုအသစ် ဖွင့်လှစ်မယ့် စစ်စခန်းဟာ ဒေသတွင်း အိန္ဒိယအစိုးရရဲ့ စစ်ရေးဆိုင်ရာစောင့်ကြည့်ထောက်လှမ်းမှုကို ပိုမိုတိုး ချဲ့ သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ စနေနေ့က အိန္ဒိယရေတပ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ကင်းထောက်လေယာဉ်တွေမှာ တာဝန်ထမ်းဆောင်ဖို့အတွက် မော်လဒီးစ်နိုင်ငံမှာ အခြေချတပ်စွဲထားတဲ့ အိန္ဒိယတပ် ဖွဲ့ဝင် ၈၉ ဦးကို မတ်လ ၁၀ ရက်နေ့ကစပြီး ပြန်လည်ခေါ်ယူဖို့နဲ့ နှစ်လအတွင်း တပ်ဖွဲ့ဝင်အားလုံး အပြီးရုပ်သိမ်းဖို့ သမ္မတမုအိဇူက အိန္ဒိယအစိုးရကို ပြောထားပါတယ်။

 

အိန္ဒိယနိုင်ငံပိုင် လက်ရှာဒွိကျွန်းစုမှာ မတ်လ ၆ ရက်နေ့မှာဖွင့်လှစ်မယ့် စစ်စခန်းအသစ်ဟာ လက်ရှိတပ်ဖွဲ့ငယ် တွဲဖက်ထားမှုကနေ လွတ်လပ်တဲ့ရေတပ်စခန်းတစ်ခုအဖြစ် အသွင်ပြောင်းတာဝန်ထမ်းဆောင်သွားမှာဖြစ်တယ် လို့ ရေတပ်က ပြောပါတယ်။

 

အိန္ဒိယလက်ရှာဒွိကျွန်းစုဟာ မော်လီဒီးစ်နိုင်ငံရဲ့ မြောက်ဘက်နဲ့ ကီလိုမီတာ ၁၃၀ (မိုင် ၈၀) ကွာဝေးတဲ့နေရာ မှာရှိတဲ့ကျွန်းစုဖြစ်ပြီး အခုအသစ်ဖွင့်လှစ်မယ့် စစ်စခန်းတည်ဆောက်ထားတဲ့ မီနီကွိုင်ကျွန်းကတော့ မော်လီဒီးစ် နိုင်ငံနဲ့ အနီးဆုံးနေရာမှာ တည်ရှိတယ်လို့ ဆိုပါတယ်။

 

အိန္ဒိယနိုင်ငံဟာ လက်ရှာဒွိကျွန်းစုထဲက ကာဗာရတ်တီကျွန်းမှာ ရေတပ်စခန်းတစ်ခု တည်ရှိပြီးသားဖြစ်ပေမဲ့ အခု အသစ်တည်ဆောက်လိုက်တဲ့ ရေတပ်စခန်းဟာ မော်လဒီးစ်နိုင်ငံနဲ့ ၂၅၈ ကီလိုမီတာ (မိုင် ၁၆၀) ပိုမိုနီးကပ်သွား မှာဖြစ်ပါတယ်။

 

“မီနီကွိုင်ကျွန်းဟာ အဓိကရေလမ်းကြောင်းကို ခွထားတဲ့ လက်ရှာဒွိကျွန်းစုထဲက တောင်ဘက်အစွန်ဆုံးကျွန်း ဖြစ်ပါတယ်။” လို့ ရေတပ်က ပြောပါတယ်။

 

အဲဒီရေတပ်စခန်းသစ်ဟာ ပင်လယ်ဓားပြတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စစ်ဆင်ရေးတွေကို မြှင့် တင်ဆောင်ရွက်သွားမှာဖြစ်သလို မဟာဗျူဟာအရ အရေးပါတဲ့ကျွန်းတွေမှာ လုံခြုံရေးဆိုင်ရာအခြေခံအ ဆောက်အဦတွေတိုးမြှင့်ဖို့အတွက် မူဝါဒဆိုင်ရာ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။

 

Ref: India Navy to Open Strategic Base near Maldives

 

#PeopleMedia


Share this post