• Follow Us on
Latest News

Home အိန္ဒိယလုပ်သားတွေ အစ္စရေးမှာ အလုပ်သွားလုပ်ဖို့ စိတ်အားထက်သန်နေ

အိန္ဒိယလုပ်သားတွေ အစ္စရေးမှာ အလုပ်သွားလုပ်ဖို့ စိတ်အားထက်သန်နေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၉

 

အစ္စရေး-ဟားမတ်စ် စစ်ပွဲလေးလထဲရောက်ရှိလာပြီဖြစ်တဲ့အချိန်မှာ အစ္စရေးနိုင်ငံအတွင်း လုပ်သားပြတ်လတ်မှု နဲ့ ကြုံတွေ့နေရတဲ့အတွက် အစ္စရေးနိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်မယ့် အိန္ဒိယနိုင်ငံသား ထောင်ပေါင်း များစွာဟာ အိန္ဒိယနိုင်ငံ ဟာရာယနပြည်နယ် ရိုးတက်မြို့မှာ တန်းစီစောင့်ဆိုင်းနေပါတယ်။

 

အစ္စရေးနိုင်ငံမှာ အလုပ်လုပ်တာဟာ ပြည်တွင်းမှာအလုပ်လုပ်တာထက် တစ်နှစ်ကို ဝင်ငွေငါးဆ ပိုမိုရှာဖွေနိုင် တာကြောင့် အိန္ဒိယ ပန်းရံလုပ်သား၊ ဆေးသုတ်လုပ်သား၊ အီလက်ထရောနစ်သမား၊ ရေပိုက်ပြင်သမားနဲ့ လယ် သမားတွေဟာ စစ်ပွဲဖြစ်ပွားနေတဲ့ အစ္စရေးနိုင်ငံမှာပဲ စွန့်စားပြီး သွားရောက်အလုပ်လုပ်ကိုင်ဖို့ မျှော်လင့်နေကြ ပါတယ်။ ဒီမှာက အလုပ်အကိုင်မရှိတော့ နိုင်ငံကနေထွက်ပြီး အလုပ်သွားလုပ်ချင်နေကြတယ်။” လို့ နယူးဒေလီကနေ ၆၆ ကီလိုမီတာဝေးကွာတဲ့ ရိုးတက်မြို့က လုပ်သားစုဆောင်းရေးစခန်းမှာ စုရုံးနေကြတဲ့ လုပ်သားတွေထဲက တစ်ဦး ဖြစ်တဲ့ ပန်းရံလုပ်သား လက်ဟာရမ်က ပြောပါတယ်။

 

“ဒီမှာပဲနေနေ ဟိုမှာပဲနေနေ သေမှာပဲဆိုတော့ အဲဒီမှာသေသွားရင်လည်း ကျွန်တော်တို့ ကံပါပဲ။ ကျွန်တော့်မျှော် လင့်ချက်ကတော့ အဲဒီနိုင်ငံကိုသွားပြီး အချိန်ကာလတစ်ခုကြာတဲ့အထိ အလုပ်ကောင်းကောင်းလုပ်မယ်။ ပြီးရင် ပြန်လာမယ်။” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိအချိန်မှာ လူဦးရေ ၁.၄ ဘီလျံရှိပြီး ကမ္ဘာပေါ်မှာလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မြို့ပြ အလုပ်လက်မဲရာခိုင်နှုန်း ၆.၆% ရှိကြောင်း အစိုးရသတင်းအချက်အလက်တွေအရသိရပြီး အသက် ၂၉ နှစ် အောက်လုပ်သားတွေရဲ့ ၁၇% ဟာ အလုပ်လက်မဲ့ဖြစ်နေပြီး ကျန်တဲ့သူတွေကတော့ ကြုံရာကျပန်းလုပ်နေကြ ရတယ်လို့ ဆိုပါတယ်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇.၃% ရှိပေမဲ့လည်း အလုပ်လက်မဲ့နဲ့ လုပ်သားအသုံးပြုမှုနည်းပါးတာဟာ အိန္ဒိယ အာဏာပိုင်တွေအတွက် အဓိကစိန်ခေါ်ချက်တစ်ရပ်ဖြစ်နေပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ်တွေ တိုက်ခိုက်မှုစတင်ကတည်းက ရပ်ဆိုင်းသွားတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပြန်လည်ဆောင်ရွက်ဖို့အတွက် အစ္စရေးနိုင်ငံအနေနဲ့ တရုတ်၊ အိန္ဒိယနဲ့ တခြားနိုင်ငံတွေက နိုင် ငံခြားလုပ်သား ၇၀၀၀၀ ဝန်းကျင်ခေါ်ယူသွားမှာဖြစ်ကြောင်း အခုလအတွင်း အစ္စရေးစီးပွားရေးသတင်းစာတစ် စောင်က ရေးသားထားပါတယ်။

 

ထိုင်းနိုင်ငံဟာ အစ္စရေးနိုင်ငံအတွက် အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်အတွက် လုပ်သားတွေ အဓိကထောက် ပံ့နေတဲ့နိုင်ငံဖြစ်ပါတယ်။

 

စစ်ဖြစ်တဲ့အချိန်ကစပြီး အစ္စရေးမှာရှိတဲ့ ထိုင်းလုပ်သား ၃၀၀၀၀ ဝန်းကျင်အနက် ၈၀၀၀ ဝန်းကျင် ထိုင်းနိုင်ငံကို ပြန်လာခဲ့ပေမဲ့ ပြည်တော်ပြန်လုပ်သားတချို့ဟာ အစ္စရေးကို ပြန်လည်ထွက်ခွာဖို့ စဉ်းစားနေကြပါတယ်။

 

အိန္ဒိယ အမျိုးသားကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးကော်ပိုရေးရှင်းကုမ္ပဏီကတော့ အိန္ဒိယလုပ်သားတွေကို အစ္စရေးနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့ မကြာသေးခင်ကပဲ အိန္ဒိယလုပ်သားတွေကို စည်းရုံးခဲ့ပါတယ်။

 

အစ္စရေးနိုင်ငံက အန္တရာယ်ရှိတဲ့ အခြေအနေကို နားလည်ပေမဲ့လည်း ဝင်ငွေပိုမိုရှာဖွေနိုင်မယ်ဆိုရင် စွန့်စားသွား ရောက်လုပ်ကိုင်လိုကြောင်း အသက် ၂၈ နှစ်အရွယ် ပန်းရံလုပ်သား ဗီဗက်ရှာမာက ပြောပါတယ်။

 

“စစ်ပွဲအခြေအနေကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမဲ့ အချိန်တိုအတွင်းမှာ ပိုက်ဆံအများကြီး ရှာနိုင်တယ် လေ။ အစ္စရေးမှာ တစ်နှစ်အလုပ်လုပ်ရင် အိန္ဒိယရူပီးငွေတစ်သန်းကျော်ရှာနိုင်ပါတယ်။ အဲဒီပမာဏရဖို့အတွက် အိန္ဒိယနိုင်ငံထဲမှာပဲ အလုပ်လုပ်ရင် ကျွန်တော် အနည်းဆုံး ငါးနှစ်အလုပ်လုပ်ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြော ပါတယ်။

 

အိန္ဒိယလူမျိုး ၁၃ သန်းဝန်းကျင်ဟာ ပြည်ပနိုင်ငံတွေမှာ အလုပ်သမားတွေ၊ ကျွမ်းကျင်ပညာရှင်တွေအဖြစ် အလုပ်လုပ်ကိုင်နေကြကြောင်း အိန္ဒိအစိုးရရဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

 

အစ္စရေးနိုင်ငံက သူနာပြုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အိန္ဒိယလုပ်သား ၄၀၀၀၀ ကျော်အလုပ် လုပ်ခွင့်ပြုဖို့အတွက် ပြီးခဲ့တဲ့နှစ်က အစ္စရေးအစိုးရနဲ့ အိန္ဒိယအစိုးရတို့ သဘောတူညီချက်တစ်ရပ် လက်မှတ်ရေး ထိုးခဲ့ပါတယ်။

 

Ref: Indian workers keen on jobs in Israel

 

#PeopleMedia


Share this post