• Follow Us on
Latest News

Home အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြည်တွင်းထုတ် Tejas ဂျက်တိုက်လေယာဉ်မှာ လိုက်ပါစီးနင်း

အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပြည်တွင်းထုတ် Tejas ဂျက်တိုက်လေယာဉ်မှာ လိုက်ပါစီးနင်း

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈

 

အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီဟာ ဘန်ဂလူရူမြို့ရှိ အစိုးရပိုင် Hindustan Aeronautics Limited (HAL) ကုမ္ပဏီကို သွားရောက်စဉ်အတွင်း စနေနေ့ (နိုဝင်ဘာလ ၂၅ ရက်နေ့) က ပြည်တွင်းထုတ် Tejas ဂျက်တိုက် လေယာဉ်တစ်စင်းပေါ်မှာ လိုက်ပါစီးနင်းခဲ့ကြောင်း India Today မှာ ရေးသားဖော်ပြထားပါတယ်။

 

ဝန်ကြီးချုပ်မိုဒီဟာ Hindustan Aeronautics Limited ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေကို စစ်ဆေးကြည့်ရှုဖို့အတွက် ဘန်ဂလူရူမြို့ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ “ဝန်ကြီးချုပ်ဟာ Tejas ဂျက်တိုက်လေယာဉ်တွေအပါအဝင် HAL ကုမ္ပဏီရဲ့ ထုတ်လုပ်မှုတွေကို စစ်ဆေးကြည့် ရှုသွားမှာဖြစ်ပါတယ်။” လု့ိ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

X လူမှုကွန်ရက်ပေါ်မှာလည်း ဝန်ကြီးချုပ်မိုဒီက ၎င်းလေယာဉ်စီးနင်းခဲ့တဲ့ဓာတ်ပုံအများအပြားကို မျှဝေခဲ့ပါတယ်။

 

အခုလို ဂျက်တိုက်လေယာဉ်စီးနင်းရတာ ပြည်တွင်းထုတ်ဂျက်တိုက်လေယာဉ်တွေအပေါ်မှာ ယုံကြည်မှုပိုမိုရရှိ လာပြီး မယုံကြည်နိုင်လောက်တဲ့အတွေ့အကြုံတွေ ပိုမိုရရှိခဲ့တယ်လို့ ၎င်းက ပြောပါတယ်။

 

ဂျက်တိုက်လေယာဉ်စီးနင်းပြီးနောက် ဝန်ကြီးချုပ်မိုဒီကို လေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဗီအာရ်ချာဒရီ က ချီးကျူးစကားပြောကြားခဲ့ပြီး လေယာဉ်ပုံစံငယ်တစ်ခု လက်ဆောင်ပေးခဲ့ပါတယ်။

 

ဝန်ကြီးချုပ်မိုဒီဟာ စစ်လက်နက်ပစ္စည်းတွေကို ပြည်တွင်းမှာထုတ်လုပ်ဖို့ တောက်လျှောက်အားပေးခဲ့တဲ့အပြင် ပြည်တွင်းထုတ်လုပ်မှုကို တိုးမြှင့်ဖို့နဲ့ ပြည်ပနိုင်ငံတွေကို တင်ပို့နိုင်တဲ့အထိ ကြိုးပမ်းဖို့ တိုက်တွန်းခဲ့သူဖြစ်ပါ တယ်။

 

ပြည်ပနိုင်ငံ လေးငါးနိုင်ငံက အိန္ဒိယပြည်တွင်းထုတ် Tejas ဂျက်တိုက်လေယာဉ်တွေကို ဝယ်ယူဖို့ စိတ်ဝင်စားနေ တယ်လို့ ဆိုပါတယ်။

 

အိန္ဒိယထုတ် Mk-II-Tejas ဂျက်တိုက်လေယာဉ်တွေမှာ တပ်ဆင်ဖို့အတွက် HAL ကုမ္ပဏီနဲ့ လေယာဉ်အင်ဂျင် တွေ ပူးတွဲထုတ်လုပ်ဖို့ အမေရိကန် စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ GE Aerosp ကုမ္ပဏီ ဟာ ဝန်ကြီးချုပ်မိုဒီရဲ့ အမေရိကန်ခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

Ref: PM Modi takes sortie in Tejas fighter jet, says ‘renewed sense of pride’

 

#PeopleMedia


Share this post