အိန္ဒိယအစိုးရက မြန်မာ့အတိုက်အခံ NUG နဲ့ တိုင်းရင်းသားသူပုန်အဖွဲ့တွေကို အစည်းအဝေးဖိတ်ကြား
PUBLISHED - September 25, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၂၅
အိန္ဒိယအစိုးရက မြန်မာ နစက အစိုးရကို နိုင်ငံရေး/စစ်ရေးအရ တော်လှန်ပုန်ကန်နေတဲ့ အတိုက်အခံအဖွဲ့တွေ ကို နယူးဒေလီမှာကျင်းပမယ့် အစည်းအဝေးတစ်ခုကို တက်ရောက်ဖို့ ဖိတ်ကြားလိုက်ကြောင်း ရိုက်တာသတင်း ဌာနမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး မြန်မာ့တပ်မတော်က အာ ဏာသိမ်းလိုက်ပြီးနောက် ပြည်တွင်းစစ်ဖြစ်ပွားလာခဲ့ပြီး ၁၀၂၅ မိုင် အရှည်ရှိတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်တစ် လျှောက် မတည်မငြိမ်ဖြစ်လာခဲ့သလို အဲဒီဒေသမှာ ဆောင်ရွက်နေတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေ လည်း ကမောက်ကမဖြစ်လာခဲ့ပါတယ်။
နိုဝင်ဘာလလယ်လောက်မှာ အိန္ဒိယနိုင်ငံမှာ ကျင်းပမယ့် အစည်းအဝေးတစ်ခုကို မြန်မာအတိုက်အခံ အမျိုး သားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့နဲ့ အိန္ဒိယနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ချင်း၊ ရခိုင်နဲ့ ကချင် စတဲ့ တိုင်း ရင်းသားသူပုန်အဖွဲ့တွေကို အိန္ဒိယအစိုးရက ဖိတ်ကြားခဲ့ကြောင်း လက်နက်ကိုင်အုပ်စုခေါင်းဆောင်တစ်ဦးနဲ့ သတင်းရင်းမြစ် နှစ်ဦးက ပြောပါတယ်။
အဲဒီအစည်းအဝေးကို အိန္ဒိယအစိုးရက ရန်ပုံငွေထောက်ပံ့ထားတဲ့ အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) က အိမ်ရှင်အဖြစ်လက်ခံကျင်းပသွားမှာဖြစ်ပြီး အဲဒီကောင်စီမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာပါဝင် ကြောင်း အမည်မဖော်လိုတဲ့ တခြားသတင်းရင်းမြစ်နှစ်ဦးက ပြောပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်ရေးရာ” ခေါင်းစဉ်နဲ့ ဆွေးနွေးမယ့် အဲဒီအစည်းအဝေးမှာ မြန်မာ နစက အစိုးရကို ဖိတ်ကြားခြင်း ရှိမရှိကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
Ref: India extends unprecedented invite to Myanmar’s anti-junta forces
#PeopleMedia