• Follow Us on
Latest News

Home အိန္ဒိယအမြောက်ကျည်တွေ ယူကရိန်းကို ရောက်နေလို့ ရုရှားဒေါသထွက်နေ

အိန္ဒိယအမြောက်ကျည်တွေ ယူကရိန်းကို ရောက်နေလို့ ရုရှားဒေါသထွက်နေ

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၀

 

အိန္ဒိယနိုင်ငံက ဥရောပဝယ်လက်နိုင်ငံတွေအတွက် ထုတ်လုပ်ရောင်းချလိုက်တဲ့ အမြောက်ကျည်တွေဟာ လမ်း ကြောင်းပြောင်းပြီး ယူကရိန်းနိုင်ငံကို ရောက်ရှိသွားလို့ ရုရှားနိုင်ငံက ဒေါသထွက်နေကြောင်း ရိုက်တာသတင်း ဌာနမှာ ဖော်ပြထားပါတယ်။

 

ရုရှားအစိုးရက ကန့်ကွက်ထားပေမဲ့ အဲဒီလို လမ်းကြောင်းပြောင်းပြီး ယူကရိန်းလွှဲပေးနေတာကို အိန္ဒိယနိုင်ငံက ကန့်ကွက်တာမရှိဘူးလို့ ဆိုပါတယ်။

 

ရုရှားကို ခုခံတိုက်ခိုက်နေတဲ့ ယူကရိန်းနိုင်ငံကို အခုလို ခဲယမ်းတွေ လွှဲပြောင်းပေးနေတာ တစ်နှစ်ကျော်ကြာ သွားပြီဖြစ်ကြောင်း သတင်းရင်းမြစ်တွေနဲ့ ဝယ်လက်နိုင်ငံတွေက စာရင်းတွေအရ သိရပါတယ်။

 

အိန္ဒိယလက်နက်ရောင်းဝယ်ရေးစည်းမျဉ်းတွေထဲမှာ ၎င်းတို့ထံကဝယ်ယူထားတဲ့ လက်နက်ခဲယမ်းတွေကို ခွင့် ပြုချက်မရှိဘဲ တခြားနိုင်ငံ/အဖွဲ့အစည်းတစ်ခုခုကို ပြန်လည်လွှဲပြောင်းပေးပြီး အသုံးပြုတာမျိုးကို ကန့်သတ်ထား ပါတယ်။

 

ဇူလိုင်လအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗရော့နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံပွဲ အပါ အဝင် ရုရှားအစိုးရက ဒီကိစ္စကို နှစ်ကြိမ်ထက်မနည်း အိန္ဒိယအစိုးရထံ ပြောကြားခဲ့ကြောင်း အိန္ဒိယအရာရှိ ၃ ဦးက ပြောပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနဲ့ အိန္ဒိယနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဝန်ကြီးတွေကို မေးမြန်းခဲ့ ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

 

အိန္ဒိယနိုင်ငံအနေနဲ့ ယူကရိန်းကို အမြောက်ကျည်တွေ ရောင်းချပို့ဆောင်ပေးခြင်းရှိကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ရန်ဒီယာဂျိုင်စ်ဝဲလ်က ဇန်နဝါရီလတုန်းကတော့ သတင်းစာရှင်းလင်းပွဲမှာ ပြော ပါတယ်။

 

ယူကရိန်းနိုင်ငံက သုံးနေတဲ့ အမြောက်ကျည်တွေထဲမှာ အိန္ဒိယနိုင်ငံက ထုတ်လုပ်ခဲ့တဲ့ အမြောက်ကျည်အရေအ တွက်ဟာ အလွန့်အလွန်နည်းပါးလှပြီး စစ်ပွဲစတင်ကတည်းကသုံးခဲ့တဲ့ အမြောက်ကျည်တွေထဲမှာ အိန္ဒိယထုတ် အမြောက်ကျည်ဟာ ၁% အောက်သာရှိကြောင်း အိန္ဒိယအစိုးရအရာရှိနှစ်ဦးနဲ့ အိန္ဒိယစစ်လက်နက်ထုတ်လုပ် ရေးကုမ္ပဏီက ပုဂ္ဂိုလ်နှစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

ဥရောပဝယ်လက်နိုင်ငံတွေက ယူကရိန်းကို အဲဒီအမြောက်ကျည်တွေကို ပြန်လည်ရောင်းချခဲ့တာလား၊ ထောက် ပံ့ခဲ့တာလားဆိုတာကိုတော့ ရိုက်တာသတင်းဌာနက အတည်မပြုနိုင်သေးပါဘူး။

 

အိန္ဒိယအမြောက်ကျည်တွေကို ယူကရိန်းကို ပို့ပေးတဲ့ ဥရောပနိုင်ငံတွေထဲမှာ ဥရောပနိုင်ငံအပြင်ဘက်က နိုင်ငံ တစ်ခုခုဆီက အမြောက်ကျည်တွေကို ယူကရိန်းကိုထောက်ပံ့ပေးဖို့ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အီတလီနိုင်ငံနဲ့ ချက် ရီပတ်ဘလစ်နိုင်ငံတို့ပါဝင်ပါတယ်။

 

Ref: Ammunition from India enters Ukraine, raising Russian ire

 

#PeopleMedia


Share this post