• Follow Us on

Home အိန္ဒိယ-မြန်မာနယ်စပ်တွင် ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့နယ်စပ်ခြံစည်းရိုး အိန္ဒိယစတင်ဆောက်လုပ်

အိန္ဒိယ-မြန်မာနယ်စပ်တွင် ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့နယ်စပ်ခြံစည်းရိုး အိန္ဒိယစတင်ဆောက်လုပ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

 

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ ကီလိုမီတာ ၁၀၀ ရှည်လျားတဲ့ အဆင့်မြင့်ခြံစည်းရိုးတည်ဆောက်ရေးလုပ်ငန်း ကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ထုတ်ပြန်ခဲ့တဲ့ အိန္ဒိယအ စိုးရပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၂-၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားကြောင်း The Hindu သတင်းဌာနက ရေးသားဖော်ပြထားပါတယ်။

 

မေလ ၃ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၇၅ ဦးထက်မနည်းသေဆုံးခဲ့တဲ့ မဏိပူရ်ပြည်နယ်က လူမျိုး ရေးအဓိကရုဏ်းတွေဖြစ်ပွားလာတာဟာ အိန္ဒိယ-မြန်မာနယ်စပ်က ခြံစည်းရိုးကျိုးပေါက်နေပြီး တရားမဝင် ရွှေ့ ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာတာကြောင့်လည်း ပါဝင်တယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

၂၀၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံမြောက်ပိုင်းက ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ပုန်ကုန်မှုဆက်စပ်အဖြစ်အပျက် ၂၀၁ ခုဖြစ်ပွားခဲ့ပြီး အဲဒီအထဲက ဖြစ်စဉ် ၁၃၇ ခုဟာ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း အဲဒီအစီရင် ခံစာမှာ ဖော်ပြပါတယ်။

 

မဏိပူရ်ပြည်နယ်ဟာ မဲထေ (ကသည်း) သူပုန်၊ နာဂသူပုန်၊ ကွက်ကီးသူပုန်၊ ဇိုမီးသူပုန်အုပ်စုတွေရဲ့ ပုန်ကန် ထကြွမှုဒဏ်တွေကို ခံနေရတဲ့ ပြည်နယ်ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြာား နယ်စပ်ဒေသလွတ်လပ်စွာဖြတ်သန်းခွင့် သဘောတူညီချက်ရှိကြောင်း၊ နှစ်နိုင်ငံ နယ်စပ်ကနေ ၁၆ ကီလိုမီတာအတွင်း နေထိုင်တဲ့ အိန္ဒိယနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားဖြစ်စေ နယ်စပ် ဖြတ်သန်းခွင့်လက်မှတ်နဲ့ နယ်စပ်ဒေသကို လွတ်လပ်စွာဖြတ်သန်းခွင့်ရှိကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန က ပြောပါတယ်။

 

အဲဒီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်က တစ်နှစ်သက်တမ်းရှိပြီး တစ်ခါဖြတ်သန်းဝင်ရောက်လာရင် တစ်ဖက်နိုင်ငံ မှာ သီတင်းပတ် ၂ ပတ်အထိ နေထိုင်ခွင့်ရှိပါတယ်။

 

မဏိပူရ်ပြည်နယ် အစိုးရက ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါဘေးပြီးကတည်းက အဲဒီလွတ်လပ်စွာဖြတ်သန်း ခွင့်ကို ရပ်ဆိုင်းခဲ့ပြီး အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် ခြံစည်းရိုးအပြီးခတ်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုက် တွန်းခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံ အရူနာချယ်ပရာဒက်ရှ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရ်ပြည်နယ်နဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ စုစုပေါင်း ၁၆၄၃ ကီလို မီတာ နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။

 

Ref: 100-km smart fencing along Myanmar border in the pipeline to boost surveillance: Home Ministry

 

#PeopleMedia


Share this post