• Follow Us on

Home အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း အကောင်အထည်ဖော်နေမှုကိစ္စရပ်များဆွေးနွေး

အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်း အကောင်အထည်ဖော်နေမှုကိစ္စရပ်များဆွေးနွေး

Share this post

နေပြည်တော်၊ ဇူလိုင် ၂၁

 

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေး ကူးမားအား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်၊ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံခဲ့‌ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ဆိုင်ကလုန်း မိုခါဒဏ်သင့်ဒေသများအတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက်ထားမှု အကူအညီ လှူဒါန်းခဲ့မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်း များ အကူအညီပေးရေး၊ အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်သွားနိုင်ရေးနှင့် ဆန်နှင့် ပဲအမျိုးမျိုးကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေးတို့အတွက် အလားအလာများ ရှာဖွေသွားရေး၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်း အကောင်အထည်ဖော်နေမှုကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင် ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

#PeopleMedia


Share this post