အိပ်ပျော်နေချိန်တွင် သစ်ပင်လဲကျသဖြင့်အမျိုးသားတစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာများရရှိ
PUBLISHED - September 18, 2019
EPN
မိုးကောင်း၊ စက်တင်ဘာ ၁၇
မိုးကောင်းမြို့နယ်တွင် သစ်ပင်လဲကျပြီး ပိမိသဖြင့် လူတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာများရရှိသွားကြောင်း သိရသည်။
ကချင်ပြည်နယ် မိုးကောင်းမြို့ လွဲလောကျေးရွာအုပ်စု ကြာအင်းကျေးရွာ စုစည်း (၂)နှင့် ကိုးမိုင်ခန့်အကွာ ဝါကျစ်ကွင်းဒညင်းခင်းတွင် စက်တင်ဘာ (၁၇) နံနက်(၅)နာရီအချိန်ခန့်က အခင်းစောင့်ရန် အမျိုးသား(၅)ဦး ယာယီတဲထိုး၍ အိပ်ပျော်နေစဉ် ယာယီတဲအနီးရှိ အပင်မှအမြစ်လန်လဲကျကာ တဲပေါ်ပိမိပြီး တဲအတွင်းအိပ်ပျော်နေသူ ကြာအင်းကျေးရွာနေ မောင်ဇင်ကျော်မျိုးဦး (၂၂) နှစ်သည် အပင်ပိမိ၍ နေရာတွင်သေဆုံးခဲ့ပြီး မောင်ဇော်မိုးတူး (၄၀)နှစ်နှင့် မောင်အူဂါနော် (၃၅) နှစ်တို့ သည် သစ်ကိုင်းရိုတ်မိပြီးဒဏ်ရာများ ပြင်းထန်စွာရခဲ့သဖြင့် မိုးကောင်းပြည်သူ့ဆေးရုံသို့ လောကတ္ထစရိယလူမှုကူညီရေးအသင်းယာဉ်ဖြင့် သယ်ဆောင်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိုးကောင်းမြို့မရဲစခန်းမှ သေမှုသေခင်းရေးဖွင့် ဆောင်ရွက် ထားကြောင်း သိရသည်။
ချိုမောင်