အိမ်ငှားနေထိုင်သည့် အမျိုးသားတစ်ဦးစီမှ PDF များ ဓားပြတိုက်ပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်
PUBLISHED - August 10, 2023
နေပြည်တော်၊ သြဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ စန္ဒကူး(၃) ရပ်ကွက်တွင် အိမ်ငှားနေထိုင်သည့် ဦးပိန်းကမ်၏ နေအိမ်သို့ PDF များ ဓားပြလာတိုက်ပြီး ထိုအမျိုးသားကို သေနတ်ဖြင့်ပစ်ခတ်သွားကြောင်း သိရသည်။
သြဂုတ်လ ၉ ရက် ည ၉:၃၀ အချိန်တွင် PDF (၄) ဦးမှ သေနတ်များဖြင့် ဦးပိန်းကမ်၏ နေအိမ်သို့ရောက်ရှိ လာပြီး PDF များမှ နေအိမ်အတွင်းရှိနေသည့် ပစ္စည်းများကို ထုတ်ပေးရန်ပြောဆိုသောကြောင့် ဦးပိန်း ကမ်၏ အမျိုးသမီးဖြစ်သူမှ ပိုက်ဆံအိတ်ထဲတွင် ငွေ (၁၀၀၀၀) ကျပ်ကို ထုတ်ပေးပြီး နေအိမ်အတွင်းရှိ သည့် မော်တော်ဆိုင်ကယ်နှင့် ဖုန်းတို့ကို ယူဆောင်သွားပြီး PDF များမှ ဦးပိန်းကမ်ကိုဗသနတ်ဖြင့် ပစ် ခတ်သွားကြောင်း သိရသည်။
ထိုဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများသွားရောက်စစ်ဆေးရာတွင် အသက် (၄၉) နှစ်အရွယ် ဦးပိန်းကမ်၏ မျက်ခုံးနှစ်ခုကြားကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဘယ်ဘက်ပုခုံးကျည် ဖောက်ဝင်ဒဏ်ရာ ၂ ချက်နှင့် ဘယ်ဘက်လက်ပြင် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက် စုစုပေါင်း ၅ ချက်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia