အိမ်မဲမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များ၌ “သတိ အန္တရာယ်ရှိသည်”ဆိုသော ဗီနိုင်းများ လိုက်လံ ချိတ်ဆွဲ

PUBLISHED - September 20, 2021
ပုသိမ်၊ စက်တင်ဘာ ၂၀ (People Media)
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များ၌ “သတိ အန္တရာယ်ရှိသည်” ဆိုသော ဗီနိုင်းများ လိုက်လံချိတ်ဆွဲနေတယ်လို့ ဒေသခံအချို့က People Media သို့ ပြောပါတယ်။
အိမ်မဲမြို့နယ်ရှိ ဆက်သွယ်ရေးတာဝါတိုင်များကို “သတိ အန္တရာယ်ရှိသည်။ တာဝန်မှအပ မဝင်ရ” ဗီနိုင်းများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက လိုက်လံချိတ်ဆွဲနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါ တယ်။
အဆိုပါ ဗီနိုင်းများ လိုက်လဲချိတ်ဆွဲရာ၌ အိမ်မဲမြို့နယ်၊ မြို့နယ်ကောင်စီဝင်များအပါအဝင် လုံခြုံရေးအဖွဲ့များ ပါဝင်ကြောင်း သိရပါတယ်။
#PeopleMedia #အိမ်မဲမြို့ #ဆက်သွယ်ရေးတာဝါတိုင်
(unicode)
………………………………………………………………..