အိမ်ဖြူတော်အနီး ပစ်ခတ်မှုဖြစ်ပွား ၁ ဦးသေ ၅ ဦး ဒဏ်ရာရ

PUBLISHED - September 20, 2019
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန် ဒီစီ က အိမ်ဖြူတော်အနီးမှာ စက်တင်ဘာ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ယောက်သေဆုံးခဲ့ပါတယ်။
ပစ်ခတ်မှုမှာ ၅ ယောက် ဒဏ်ရာရရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်စ ရာမရှိဘူးလို့လည်းသိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ အိမ်ဖြူတော်နဲ့ ၃ ကီလိုမီတာ အကွာလောက်မှာဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်သူ တရားခံကို ဖမ်းမိခြင်းရှိမရှိ အတည်မပြုနိုင်သေးပါဘူး။
တွစ်တာစာမျက်နှာမှာ အခင်းဖြစ်ပွားရာက သေနတ်ထိမှန်ခဲ့သူတွေကို အရေးပေါ်လူနာတင်ကားပေါ် တင်ဆောင်နေတဲ့ပုံတွေ ပျံ့နှံ့လျက်ရှိနေပါတယ်။
Ref; CNA