• Follow Us on
Latest News

Home အိမ်ဖြူတော်အကြီးအကဲအဖြစ်ကာလရှည်မိတ်ဖက် ရွန် ကလိန်းကို ဘိုင်ဒန်ခန့်အပ်


Share this post

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂







#PeopleMedia

(unicode)
အိမ်ဖြူတော်အကြီးအကဲအဖြစ်ကာလရှည်မိတ်ဖက် ရွန် ကလိန်းကို ဘိုင်ဒန်ခန့်အပ်
………………………………………….

ဝါရှင်တန်၊ နိုဝင်ဘာ ၁၂

အမေရိကန်သမ္မတအဖြစ်ရွေးကောက်ခံထားရသည့် ဂျိုး ဘိုင်ဒန်က အိမ်ဖြူတော်အကြီးအကဲအဖြစ် ကာလရှည်မိတ်ဖက် ရွန် ကလိန်းကို ခန့်အပ်လိုက်သည်။

ဘိုင်ဒန် အထက်လွှတ်တော်အမတ်စဖြစ်ခဲ့သည့် ၁၉၈၀ ပြည့်နှစ်များမှစတင်၍ ဘားရက် အိုဘားမားအစိုးရသက်တမ်းတွင် ဒုတိယသမ္မတဖြစ်ခဲ့သည်အထိ ကလိန်းသည် ဘိုင်ဒန်၏ထိပ်တန်းအကြံပေးအဖြစ်တာဝန်ယူခဲ့သည်။

ဝါရှင်တန်နှင့်ပတ်သက်၍အတွင်းကျကျသိသူတယောက်ဖြစ်သည့် မစ္စတာ ကလိန်းသည် အိုဘားမား၏အကြီးတန်း အိမ်ဖြူတော်အကြံပေးလည်းဖြစ်ခဲ့ပြီး ဒုတိယသမ္မတ အယ် ဂိုးအတွက်လည်း အိမ်ဖြူတော်အကြီးအကဲတာဝန်ယူခဲ့သည်။

အိမ်ဖြူတော်အကြီးအကဲသည် သမ္မတ၏နေ့စဉ်အလုပ်အချိန်ဇယာများကိုစီစဉ်ပေးရပြီး တံခါးစောင့်ဟု သုံးနှုန်း ပြောဆိုမှုလည်းရှိသည်။

ထိုရာထူးအတွက် သမ္မတသည် ဆီးနိတ်လွှတ်တော်၏အတည်ပြုချက်မလိုဘဲ ခန့်အပ်နိုင်သည်။

Ref : Joe Biden picks Ron Klain as White House chief of staff

#PeopleMedia


Share this post