အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးမယ့် အစီအစဉ်ကြောင့် တရားမဝင် ဟိုတယ်တွေ ထိုင်းနိုင်ငံမှာ ပိုမိုများပြားလာနိုင်ကြောင်း ဟိုတယ်လုပ်ငန်းရှင်တွေပြော
PUBLISHED - August 14, 2024
နိုင်ငံတကာ၊ သြဂုတ် ၁၄
ထိုင်းနိုင်ငံတွင်း နိုင်ငံခြားသားအိမ်ခြံမြေပိုင်ဆိုင်မှုဆိုင်ရာဥပေဒစည်းမျဉ်းတွေ ပြောင်းလဲလိုက်တာနဲ့ပတ်သက်ပြီး တရားမဝင် ဟိုတယ်တွေ အစုလိုက်အပြုံလိုက် ပေါ်ထွက်လာနိုင်တဲ့အတွက် ထိုင်းဟိုတယ်လုပ်ငန်းရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။
နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်းပိုင်ဆိုင်မှုက ၄၉% ကနေ ၇၅% အထိ မြင့်တက်လာစဉ်အတွင်းမှာ နိုင်ငံခြားသား အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့်သက်တမ်းကို ၉၉ နှစ်အထိ တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရက အဆိုပြုထားပါတယ်။
အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့်သက်တမ်းတိုးမြှင့်ပေးမယ့် အဆိုပြုချက်ဟာ နိုင်ငံခြားသား အိမ်ခြံမြေဝယ်ယူသူ တွေ ထိုင်းကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို လွှမ်းမိုးချုပ်ကိုင်ပြီး အမြတ်ထုတ်နိုင်အောင် အားပေးလိုက်တာဖြစ်တဲ့ အတွက် ဒီအဆိုပြုချက်ဟာ ထိုင်းဟိုတယ်လုပ်ငန်းတွေရဲ့ ယှဉ်ပြိုင်မှုစွမ်းအားကို ပိုမိုဆိုးရွားစေတယ်လို့ ထိုင်း ဟိုတယ်လုပ်ငန်းအသင်း (THA) အနောက်ပိုင်းနယ်မြေရဲ့ ဒုတိယဥက္ကဋ္ဌ ဥူဒမ်ဆရီမာဟာချိုတာက ပြောပါ တယ်။
ကွန်ဒိုတို်က်ခန်းပိုင်ဆိုင်ခွင့်တွေ နိုင်ငံခြားသားတွေကို ပိုမိုပေးအပ်လိုက်တဲ့အတွက် အဲဒီနိုင်ငံခြားသားတွေအနေ နဲ့ ၎င်းတို့ရဲ့ ကွန်ဒိုတိုက်ခန်းတွေကို ကမ္ဘာလှည့်ခရီးသည်တွေအတွက် အငှားချထားပေးမယ့် အိမ်ရာတွေအ ဖြစ် အသွင်ပြောင်းနိုင်တဲ့ အခွင့်အရေး ပိုမိုရရှိသွားတယ်လို့ မစ္စတာဥူဒမ်က ပြောပါတယ်။
ဥပမာအနေနဲ့ တရုတ်နာမည်နဲ့ အဖွဲ့အစည်းတွေဟာ ကွန်ဒိုပရောဂျက်တစ်ခုလုံးကို ဝယ်ယူလိုက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ အဓိကဝင်ထွက်နေတဲ့ ပြည်နယ်တွေမှာ တရုတ်ခရီးသွားတွေအတွက် အဲဒီတိုက်ခန်းအားလုံးကို ပြန်လည်အငှားချထားလို့ရကြောင်း ၎င်းက ပြောပါတယ်။
လိုင်စင်မရှိတဲ့အခန်းတွေနဲ့ နှိုင်းယှဉ်ရင် ထိုင်းဟိုတယ်တွေဟာ ပုံမှန်အားဖြင့် မြေခွန်၊ အဆောက်အဦခွန်၊ ကော် ပိုရိတ်ခွန်တွေလို မြင့်မားတဲ့အသုံးစရိတ်တွေကို ရင်ဆိုင်နေရကြောင်း ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဟိုတယ် ၁၆,၀၀၀ ဝန်းကျင်ရှိပြီး လိုင်စင်ဆောင်မထားတဲ့ ဟိုတယ် ၁၅,၀၀၀ ဝန်း ကျင်ရှိပါတယ်။
ဟွာဟင်ခရိုင်မှာ အထပ်နိမ့်ကွန်ဒိုပရောဂျက်တစ်ခုလုံးကို ရုရှားအေးဂျင့်တွေက တန်ဖိုးကြီးကြီး ပေးဝယ်လိုက်ပြီး လိုင်စင်ရ ထိုင်းဟိုတယ်တွေနဲ့ အပြိုင် ရုရှားခရီးသွားတွေကိုချည်း သီးသန့်ငှားစားခဲ့ကြောင်း မစ္စတာဥူဒမ်က ပြောပါတယ်။
ဟွာဟင်ခရို်င်နဲ့ တိုက်ရိုက်လေကြောင်းလိုင်းတွေရှိတဲ့ ဘန်ကောက်နဲ့ ချင်းမိုင်တို့လို တခြားမြို့ကြီးတွေဟာ တ ရုတ်ပြည်ပကြီးက ခရီးသွားတွေအတွက် အဓိက သွားလာရာနေအဖြစ် တရုတ်နိုင်ငံက လေကြောင်း ခရီးစဉ် တွေကို တိုးမြှင့်ခဲ့ရင် ဟွာဟင်ခရိုင်ဟာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် ၎င်းတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို တရားမ ဝင်အသုံးပြုချင်တဲ့ တရုတ်ဝယ်လက်တွေကို ဆွဲဆောင်နိုင်ဖွယ်ရာရှိကြောင်း ၎င်းက ပြောပါတယ်။
အလားတူ ထိုင်းနိုင်ငံထဲမှာ မြေရာတွေဝယ်ယူမယ့် နိုင်ငံခြားသားတွေအတွက် အိမ်ခြံမြေငှားရမ်းသုံးစွဲပိုင်ခွင့် သက်တမ်း ကာလရှည်တိုးမြှင့်ပေးတာကလည်း မေးခွန်းထုတ်စရာဖြစ်ကြောင်း မစ္စတာဥူဒမ်က ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာ အရင်ကတည်းက တရုတ်လုပ်ငန်းရှင်တွေဟာ အိမ်ရာတွေ၊ ကွန်ဒိုစီမံချက်တွေနဲ့ ဟိုတယ်တွေ ဆောက်လုပ်နေတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ မြင့်တက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဝင်ငွေ တွေကို ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေက အပြည့်အဝ အကျိုးခံစားခွင့်မရှိအောင် တရုတ်ဈေးကွက်အဖြစ် ရည်မှန်းချက်ထားပြီး အဲဒီတရုတ်လူမျိုးတွေဟာ ဆောက်လုပ် ရေးလုပ်သားတွေကို တရုတ်နိုင်ငံက တိုက်ရိုက် ခေါ်ယူလာသလို ဆောက်လုပ်ရေးပစ္စည်းတွေကိုလည်း တရုတ်နိုင်ငံကပဲ တိုက်ရိုက်တင်သွင်းလာမှာဖြစ်ကြောင်း မစ္စတာဥူဒမ်က ပြောပါတယ်။
အစိုးရအနေနဲ့ ထိုင်းဟိုတယ်တွေရဲ့ ယှဉ်ပြိုင်နိုင်မှုစွမ်းအားကို ဦးစားပေးမြှင့်တင်ပေးဖို့ တိုက်တွန်းရေး ပြည်ထဲ ရေးဝန်ကြီးဌာနကို ထိုင်း ဟိုတယ်လုပ်ငန်းအသင်း (THA) က တင်ပြထားခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Ref: More foreign ownership ‘could mean more illegal hotels’
#PeopleMedia