အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ဆေးဝါး မှောင်ခိုတင်သွင်းမှုကို တားဆီးဖို့ ထိုင်းနိုင်ငံက ကော်မတီတစ်ရပ်ဖွဲ့စည်း
PUBLISHED - September 18, 2023
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
ထိုင်းစစ်တပ် တက်ကြွစွာပါဝင်ဆောင်ရွက်မှုနဲ့ တစ်နှစ်အတွင်း မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းမှု ပြဿနာ တွေကို လျော့ချနိုင်ဖို့ရည်ရွယ်ပြီး တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့ တယ်လို့ ဝန်ကြီးချုပ် ဆရက်သာ သာဗင်ဆင်က တနင်္ဂနွေနေ့က ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ်က လုပ်ငန်းကော်မတီနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေနဲ့ သိမ်းဆည်းရမိတဲ့ ကိစ္စ ရပ်တွေအပါအဝင် ငွေကြေးခဝါချမှုတွေ၊ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေ ဖျက်ဆီးသွားမယ့် အချိန်ကာလ တွေကို အချိန်နဲ့ တပြေးညီထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက မူးယစ်ဆေးဝါးတွေကို ထိုင်းနိုင်ငံထဲ မှောင်ခိုတင်သွင်းမှုကို တားဆီးရာမှာ ထိုင်းတပ်မ တော်က ပိုမိုတက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် သာဗင်ဆင်က မှတ်ချက်ပြုခဲ့ပါတယ်။
အထူးသဖြင့် မြန်မာနဲ့ လာအိုနိုင်ငံတို့က စိတ်ကြွဆေးပြားမှောင်ခိုတင်သွင်းမှုဟာ မကြာသေးခင်နှစ်ပိုင်းအတွင်း ပိုမိုပြင်းထန်လာခဲ့ပြီး ဆေးပြား သန်းပေါင်းများစွာအထိ နယ်စပ်ဖြတ်ကျော် မှောင်ခိုတင်သွင်းလာခဲ့ကြတယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဌာနဲ့ ပြန်သူ့ကျန်းမာရေး ဝန်ကြီးဌာနတွေအပါအဝင် သက်ဆိုင်ရာ ပြည်နယ်အဖွဲ့အစည်းတွေက လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးမှာ ပူးပေါင်းပါဝင်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
မူးယစ်ဆေးဝါး စာရင်းက ဖယ်ရှားထားပြီး တရားဝင်လမ်းကြောင်းတွေက တစ်ဆင့် ပိုမိုလွယ်ကူစွာရရှိနိုင်တဲ့ ဆေးခြောက်နဲ့ ပတ်သက်ပြီးတော့လည်း ဝန်ကြီးချုပ်က ဆေးခြောက်အသုံးပြုခြင်းကို ဆေးဘက်ဆိုင်ရာရည် ရွယ်ချက်တွေအတွက်သာ ခွင့်ပြုထားပြီး အပန်းဖြေဖို့အတွက် မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ref; thaipbs
#PeopleMedia