• Follow Us on

Home အိမ်မွေးခွေးအား Spa သွားပို့ရာမှ နေအိမ်ဖောက်ထွင်းခံရ၍ သိန်း ၈၀ ဖိုးခန့် ခိုးယူခံရ

အိမ်မွေးခွေးအား Spa သွားပို့ရာမှ နေအိမ်ဖောက်ထွင်းခံရ၍ သိန်း ၈၀ ဖိုးခန့် ခိုးယူခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၄

 

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ညောင်ဖြူစခန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အိမ်ရှင်ဖြစ်သူမှ ၎င်း၏ အိမ်မွေးခွေးအား Spa သွာပို့ရာမှ နေအိမ်ဖောက်ထွင်းခံရ၍ သိန်း ၈၀ ဖိုးခန့် ခိုးယူခြင်းခံရကြောင်း သိရ သည်။

 

စက်တင်ဘာလ ၂ ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် အမည်မသိသူများမှ အိမ်ရှိလူများမရှိချိန် နေအိမ် အနောက်ပေါက်မှဝင်ပြီး အခန်းထဲရှိ မှန်တင်ခုံ ဗီရိုသော့၊ အခန်းသော့နဲ့ ခရီးဆောင်လက်ဆွဲအိတ်များရှိ သော့ များကိုဖျက်၍ ဟန်းချိန်း၊ ဖီချူး၊ ဆွဲကြိုး၊ Ipad နဲ့ ငွေသား ၂၂ သိန်း ပါသွားပြီး စုစုပေါင်းတန်ဖိုး သိန်း ၈၀ ခန့်ကို ဖောက်ထွင်းယူဆောင်ခြင်းခံရကြောင်း သိရသည်။

 

ထို့ပြင် လက်ရှိအချိန်၌ ထိုဖောက်ထွင်းယူဆောင်သွားသည့် ဓားပြတိုက်သူများကို တာဝန်ရှိသူများမှ ဖမ်းဆီး ရရှိခြင်းမရှိသေးကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post