အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲ့တွေအတွက် ဂျပန်အစိုးရ စစ်စခန်းသစ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် မည်
PUBLISHED - July 10, 2024
နိုင်ငံတကာ၊ ဇူလိုင် ၁၀
အမေရိကန်မရိန်းတပ်ဖွဲ့ဝင်တွေကို နေရာချထားမယ့် အိုကီနာဝါကျွန်းက စစ်စခန်းသစ်တစ်ခုအတွက် ပြင်ဆင် လုပ်ငန်းတွေကို ဂျပန်နိုင်ငံက မကြာခင် စတင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အခုအစီအစဉ်ဟာ အမေရိကန်မရိန်းတပ်ဖွဲ့ ဖူတန်မာလေတပ်စခန်းကို အိုကီနာဝါကျွန်းက လူဦးရေထူထပ်တဲ့ ဂီနိုဝန်မြို့ကနေ ဂျပန်နိုင်ငံတောင်ပိုင်း နာဂိုမြို့မှာ ပြန်လည်နေရာချထားမယ့် အစိုးရအစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ အဆောက်အဦ/ စစ်လက်နက်ပစ္စည်းတွေ ဘေးကင်းလုံခြုံရေး အထောက်အကူဖြစ် ဖို့အတွက် သတ်မှတ်မြေယာဖော်ထုတ်ထားတဲ့နယ်မြေဝန်းကျင်မှာ ကွန်ကရစ်ပင်လယ်ကမ်းခြေရေကာတာတွေ ကို တည်ဆောက်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးသတင်းရင်းမြစ်တွေက ဒေသတွင်း NHK သတင်းဌာနကို ပြောပါတယ်။
အူရာပင်လယ်အော် ပင်လယ်အောက်ခြေမြေသားက ပျော့နေတာတွေ့ရတဲ့အတွက် အဲဒီမြေသားကို အားဖြည့်ဖို့ အူရာပင်လယ်အော်မှာ အောက်ခံတိုင်တွေ ရိုက်ဖို့အတွက် အခုသီတင်းပတ်အစောပိုင်းက စမ်းသပ်မှုတစ်ခုပြု လုပ်ခဲ့ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါပေမဲ့ အောက်ခံတိုင်တွေရိုက်နေတာဟာ စမ်းသပ်တဲ့လုပ်ငန်းမဟုတ်ဘဲ ပြန်လည်အားဖြည့်ရေးလုပ်ငန်းစတင် ဆောင်ရွက်နေတာဖြစ်ကြောင်း (အမေရိကန်တပ်တွေ) ပြန်လည်နေရာချထားရေးကို ဆန့်ကျင်ကန့်ကွက်တဲ့ အို ကီနာဝါကျွန်းအစိုးရက ပြောပါတယ်။
ပင်လယ်ရေကာတာ တရားဝင်တည်ဆောက်ရေးလုပ်ငန်းက သြဂုတ်လ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်မှာဖြစ် တယ်လို့ ခန့်မှန်းထားကြပါတယ်။
အမေရိကန်တပ်မတော်အနေနဲ့ ဂျပန်နိုင်ငံမှာ တပ်ဖြန့်ချထားမှုတိုးမြှင့်ရာမှာ ဂျက်တိုက်လေယာဉ်ဟောင်းတွေကို F-15EX ဂျက်တိုက်လေယာဉ်တွေ၊ F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ အစားထိုးသွားဖို့ စီစဉ်ထားကြောင်း မကြာ သေးခင်ကပဲ ကြေညာခဲ့ပါတယ်။
အိုကီနာဝါကျွန်း ကာဒီနာလေတပ်စခန်းက အမေရိကန်တပ်ဖွဲ့ဝင်တွေဟာ F-15C/D တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် ဘိုးရင်းကုမ္ပဏီကထုတ်လုပ်တဲ့ F-15EX Eagle II ဂျက်တိုက်လေယာဉ် ၃၆ စင်းကို လက်ခံ ရရှိမှာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း မီဆာဝါလေတပ်စခန်းမှာလည်း အဲဒီစခန်းမှာရှိတဲ့ F-16 Fighting Falcon တိုက်လေ ယာဉ်တွေကို အားဖြည့်ဖို့အတွက် F-35A Lightning II ဂျက်တိုက်လေယာဉ် ၄၈ စင်း ရောက်ရှိလာမှာဖြစ်ပါ တယ်။
ဒါ့အပြင် အီဝါကူနီလေတပ်စခန်းမှာရှိတဲ့ F-35B ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်အများအပြားကိုလည်း အမေ ရိကန်မရိန်းတပ်က လိုအပ်သလိုအဆင့်မြှင့်တင်ပြုပြင်သွားမှာဖြစ်ပါတယ်။
Ref: Japan to Fortify US Military Installation in Okinawa
#PeopleMedia