အိုင်ယာလန်က ၂၀၂၅ ကာကွယ်ရေးဘတ်ဂျက်အတွက် ဒေါ်လာ ၁.၄၉ ဘီလျံ သုံးစွဲမည်
PUBLISHED - October 5, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၅
အိုင်ယာလန်နိုင်ငံဟာ ရေအောက်စောင့်ကြည့်ထောက်လှမ်းရေးနဲ့ စစ်သုံးရေဒါစနစ်တွေ အသုံးပြုဖို့ ၂၀၂၅ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်အတွက် ဒေါ်လာ ၁.၄၉ ဘီလျံ သုံးစွဲဖို့လျာထားတဲ့အတွက် ၂၀၂၄ ခုနှစ် ဘတ်ဂျက် ထက် ဒေါ်လာ သန်း ၁၁၀ ကျော် ပိုမိုသုံးစွဲသွားမှာဖြစ်ပါတယ်။
“၂၀၂၅ ခုနှစ် ကာကွယ်ရေးဘတ်ဂျက်ဟာ သုံးခဲ့တဲ့ဘတ်ဂျက်တွေထဲမှာ အမြင့်ဆုံးဘတ်ဂျက်ဖြစ်ပါတယ်။” လို့ အိုင်ယာလန်ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး မစ်ချယ်မာတင်က ပြောပါတယ်။
အိုင်ယာလန်နိုင်ငံဟာ GDP ရဲ့ ဝ.၂ ရာခိုင်နှုန်းကိုသာ ကာကွယ်ရေးအသုံးစရိတ်အဖြစ်အသုံးပြုတဲ့အတွက် ဥရောပသမဂ္ဂနိုင်ငံတွေထဲမှာ ကာကွယ်ရေးဘတ်ဂျက်အနည်းဆုံးသုံးစွဲတဲ့ နိုင်ငံဖြစ်ပါတယ်။
ဒါ့အပြင် အိုင်ယာလန်ဟာ တပ်ဖွဲ့ဝင်အင်အား ၇,၄၀၀ အထိသာရှိကြောင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ဘဏ်စာရင်းအ ချက်အလက်တွေအရ သိရတဲ့အတွက် ဥရောပနိုင်ငံတွေထဲမှာ စစ်အင်အား အနည်းဆုံးနိုင်ငံလည်းဖြစ်ပါတယ်။
အိုင်ယာလန်အစိုးရဟာ ၂၀၂၅ ခုနှစ် စီမံချက်ထဲမှာ တပ်ဖွဲ့ဝင်အင်အား ၄၀၀ ထပ်မံဖြည့်တင်းသွားမှာဖြစ်သလို အိုင်ယာလန်တပ်မတော်အင်အားကို ၂၀၂၈ ခုနှစ်မှာ ၁၁,၅၀၀ အထိ ရောက်ရှိလာ အောင် တိုးမြှင့်သွားဖို့ ဆုံး ဖြတ်ထားတယ်လို့ ဆိုပါတယ်။
“လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံမှုအဆင့်မြှင့်တင်ရတာဖြစ်ပါတယ်။” လို့ မာတင်က ပြောပါတယ်။
အိုင်ယာလန်နိုင်ငံဟာ စစ်ရေးဘက်မလိုက်နိုင်ငံအဖြစ် ကာလရှည် ရပ်တည်လာတဲ့နိုင်ငံဖြစ်ပါတယ်။
သြစတီးရီးယား၊ ဆိုက်ပရပ်စ်၊ မယ်လ်တာတို့နဲ့အတူ အိုင်ယန်လာနိုင်ငံဟာ နေတိုးအဖွဲ့ဝင်မဟုတ်တဲ့ ဥရောပ နိုင်ငံ လေးနိုင်ငံထဲက နိုင်ငံတစ်ခုဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံဟာ ယူကရိန်းကို စစ်ရေးအထောက်အပံ့တွေ မကူညီခဲ့ပေမဲ့ လူသားချင်းစာနာထောက်ထား မှုအကူအညီ ဒေါ်လာ ၄၁၉ သန်း ထောက်ပံ့ခဲ့ပါတယ်။
Ref: Ireland Announces Record Defense Budget of $1.49 Billion
#PeopleMedia