အိုဒက်ဆာမြို့မှာ ယူကရိန်းသမ္မတနဲ့ ဂရိဝန်ကြီးချုပ်အနီး ရုရှားဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲ
PUBLISHED - March 7, 2024
နိုင်ငံတကာ၊ မတ် ၇
ရုရှားနိုင်ငံက ဗုဒ္ဓဟူးနေ့က ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့ကိုပစ်လိုက်တဲ့ဒုံးကျည်တစ်စင်းဟာ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးနဲ့ ဂရိဝန်ကြီးချုပ်ကျာရီယာကို့စ်မစ်ဆိုတားကစ်တို့ လိုက်ပါလာတဲ့ယာဉ်တန်းအနီး မီတာ ၅၀၀ အကွာအဝေးနားမှာတင် ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆာမြို့ကို ပစ်ခတ်ခဲ့တဲ့ အဲဒီဒုံးကျည်ပေါက်ကွဲမှုကြောင့် ယူကရိန်းပြည် သူ ၅ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းရေတပ်ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရိုပလက်တန်ချပ် က CNN ကို ပြောပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံး ထိခိုက်မှုမရှိပေမဲ့ ပေါက်ကွဲမှုကို အနီးကပ်မြင်တွေ့ခဲ့ရကြောင်း ဇီလန်စကီးက ပြောပါ တယ်။
“ဒီကနေ့တိုက်ခိုက်မှုကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ဘယ်သူတွေနဲ့ စစ်ဖြစ်နေတယ်ဆို တာ ခင်ဗျားတို့သိမှာပါ။ သူတို့ ဘယ်နေရာတွေကို တိုက်ခိုက်နေတယ်ဆိုတာ ဂရုစိုက်တဲ့သူတွေမဟုတ်ပါဘူး။ ထိခိုက်သူတွေရှိတယ်လို့ကြားပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ သေဆုံး/ဒဏ်ရာရတွေ ရှိမှာပါ။” လို့ ဇီလန်စ ကီးက ဖေဖော်ဝါရီ ၆ ရက်နေ့က ပြောပါတယ်။
“ပထမဦးဆုံးနဲ့ အရေးအကြီးဆုံးအလုပ်က ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုလုပ် ဖို့ အကောင်းဆုံးနည်းလမ်းက လေကြောင်းရန်ကာကွယ်ရေးလက်နက်ပဲဖြစ်တယ်။” လို့ ၎င်းကပြောပါတယ်။
လေကြောင်းရန်ကာကွယ်ရေးအချက်ပေးဥသြသံတွေမကြားရခင်မှာ ၎င်းကို ဇီလန်စကီးက မြို့ထဲကို လိုက်ပြ နေကြောင်း၊ ရုရှားတပ်တွေ လပေါင်းများစွာတိုက်ခိုက်ထားတဲ့အတွက် မြို့ထဲမှာ အပျက်အစီးတွေ အစုလိုက်အ ပြုံလိုက်တွေ့မြင်ခဲ့ရကြောင်း ဂရိဝန်ကြီးချုပ်မစ်ဆိုတားကစ်က ပြောပါတယ်။
“ကျွန်တော်တို့ ကားထဲရောက်ပြီး ချက်ချင်းဆိုသလိုပဲ ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်ရတယ်။ ဒီနေရာမှာ တကယ့်စစ်ပွဲဖြစ်နေတာပါလားဆိုတာကို ကွင်းကွင်းကွက်ကွက် တွေ့မြင်လိုက်ရတာပေါ့။ စစ်က နေ့တိုင်းဖြစ်နေ တယ်။ ရှေ့တန်းစစ်မြေပြင်နဲ့ တိုက်ပွဲဝင်နေတဲ့ စစ်သားတွေသာမကဘဲ အပြစ်မဲအရပ်သားတွေကိုပါ ထိခိုက်နေ တာပါ။” လို့ ဝန်ကြီးချုပ်မစ်ဆိုတားကစ်က ပြောပါတယ်။
သမ္မတဇီလန်စကီးဟာ အန္တရာယ်များလှတဲ့ရှေ့တန်းစစ်မြေပြင်ကို မကြာခဏသွားရောက်လေ့ရှိသလို ယူကရိန်း စစ်ပွဲနှစ်နှစ်ကာလအတွင်း ကမ္ဘာ့ခေါင်းဆောင် အများအပြားကိုလည်း ယူကရိန်းကိုဖိတ်ခေါ်ပြီး ပြသခဲ့ပါတယ်။
ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က ဒုံးကျည်ပေါက်ကွဲမှုကတော့ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ အနီးဆုံးရှိတဲ့နေရာမှာ ကျ ရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
အိုဒက်ဆာမြို့ဟာ ဒန်းနျူးမြစ်ရဲ့ မြစ်ကမ်းဝမှာတည်ရှိပြီး ယူကရိန်းပြည်ပပို့ကုန် ဂျုံတွေတင်ပို့ဖို့အတွက် အရေး ကြီးတဲ့ ဆိပ်ကမ်းမြို့ဖြစ်ပါတယ်။ ယူကရိန်းရေတပ်စခန်းတည်ရှိရာမြို့လည်းဖြစ်တဲ့ အိုဒက်ဆာမြို့ကို ပိတ်ဆို့ဖို့ ရုရှားဘက်က အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
Ref: Russian missile strikes near Zelensky and Greek PM’s convoy in Odesa
#PeopleMedia