အိန္ဒိယနိုင်ငံရဲ့ ဒုံးကျည်မှားယွင်းပစ်လွှတ်ခြင်းအပေါ် ပါကစ္စတန်နိုင်ငံက လက်တုံ့ပြန်ရန် ပြင်ဆင်နေ

PUBLISHED - March 18, 2022
နိုင်ငံတကာ၊ မတ် ၁၈
လွန်ခဲ့တဲ့သီတင်းပတ်က အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံထဲကို မတော်တဆဒုံးကျည်ပစ်လွှတ်မိတာနဲ့ပတ်သတ် ပြီး လက်တုံ့ပြန်ဖို့အတွက် ပါကစ္စတန်တပ်မတော်ကပြင်ဆင်နေတယ်လို့ Bloomberg သတင်းဌာနက ရေးသား လိုက်ပါတယ်။
မတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၃ မိနစ်မှာ အိန္ဒိယနိုင်ငံထဲက ပစ်လွှတ်လိုက်တဲ့ မြန်နှုန်းမြင့်ဒုံးကျည်တစ်စင်း ကို ပါကစ္စတန်လေတပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးစင်တာက ခြေရာခံနိုင်ခဲ့ကြောင်း ပါကစ္စတန်ထောက် လှမ်းရေး ပြည်သူ့ဆက်ဆံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် ဘာဘာအစ်ဖ်တီခါက ပြောပါတယ်။
“ဒုံးကျည်ရဲ့ ကနဦးလမ်းကြောင်းကနေ ရုတ်တရက် ပါကစ္စတန်ပိုင်နက်ထဲကို ဦးတည်လာပြီး ပါကစ္စတန်လေ ကြောင်းပိုင်နက်ကို ချိုးဖောက်ဝင်ရောက်လာပါတယ်။ နောက်ဆုံး ညနေ ၆ နာရီ ၅၀ မိနစ်မှာ မီယန်ချန်နူအနီးမှာ ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့ပါတယ်။” လို့ ၎င်းကပြောပါတယ်။
ပျံသန်းချိန် ၃ မိနစ်နဲ့ ၄၄ စက္ကန့်အတွင်း ပါကစ္စတန်နိုင်ငံထဲကို ၇၇ မိုင် (၁၂၄ ကီလိုမီတာ) ဝင်ရောက်လာခဲ့တဲ့ အိန္ဒိယဒုံးကျည်ဟာ ခိုင်ဝဲလ်ခရိုင်ထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အရပ်ဘက်အဆောက်အဦ တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ဒုံးကျည်ပေါက်ကွဲမှုကြောင့် တစ်ယောက်မှ ထိခိုက်တာမရှိ ကြောင်းသိရပါတယ်။
အဲဒီဒုံးကျည်ဟာ ဒေလီမြို့နဲ့ ၁၂၄ မိုင်ခန့်ဝေးတဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း အမ်ဘာလာမြို့ကနေ စစ်ပွဲအတွင်း ပစ်ခတ်နိုင်တဲ့စွမ်းရည်ကို စမ်းသပ်နေတုန်းမှာ လူနဲ့ နည်းပညာအမှားအယွင်းကြောင့် ပစ်ခတ်လိုက်မိပြီး ကျည် ထွက်သွားတာဖြစ်တယ်လို့ Bloomberg သတင်းဌာနက ပြောပါတယ်။
အဲဒီလို ဒုံးကျည်ထွက်သွားပြီးတဲ့နောက်မှာ အိန္ဒိယလေတပ်အရာရှိတွေက နောက်ထပ်ဒုံးကျည်တွေ ထပ်ပြီး မထွက်သွားအောင် ဒုံးကျည်စနစ်တွေကို ပိတ်ထားလိုက်ကြပါတယ်။
ဒါပေမဲ့ အဲဒီဒုံးကျည်ထွက်သွားတာကို ပါကစ္စတန်နိုင်ငံကို အသိပေးဖို့အတွက် အိန္ဒိယအရာရှိတွေက တိုက်ရိုက်ဖုန်းလိုင်းကနေ ဆက်သွယ်တာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။
ဒုံးကျည်ကျရောက်ပေါက်ကွဲပြီး တစ်ရက်ကြာမှ အိန္ဒိယအစိုးရက ဒုံးကျည်ထွက်သွားတဲ့ကိစ္စကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ပါကစ္စတန်ဘက်က ပြောပါတယ်။
ဒုံးကျည်ထွက်သွားတဲကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ တုံ့ပြန်ဆောင်ရွက်မှုကြန့်ကြာတာကို ပါကစ္စတန်အာ ဏာပိုင်တွေက ပြစ်တင်ဝေဖန်လိုက်ပြီး အိန္ဒိယနိုင်ငံရဲ့ နျူကလီးယားလက်နက်တွေနဲ့ တခြားအဆင့်မြင့်စနစ် တွေရဲ့လုံခြုံမှုကို မေးခွန်းထုတ်လိုက်ပါတယ်။
ပါကစ္စတန်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ မိုအီးယူဆွတ်က “ဒီဒုံးကျည်ပစ်ခတ်မှုဟာ မတော်တဆ ကျည် ထွက်သွားတာလား၊ တမင်သက်သက်ပစ်လွှတ်လိုက်တာလား” ဆိုပြီး မေးခွန်းထုတ်ရင်း တွစ်တာမှာရေးသားပြီး အိန္ဒိယနိုင်ငံကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။
Ref: Pakistan Prepared to Retaliate Against Indian Missile Mishap: Report
#PeopleMedia
(unicode)
………………………………………
အဲဒီလို ဒုံးကညြျထှကျသှားပွီးတဲ့နောကျမှာ အိန်ဒိယလတေပျအရာရှိတှကေ နောကျထပျဒုံးကညြျတှေ ထပျပွီး မထှကျသှားအောငျ ဒုံးကညြျစနဈတှကေို ပိတျထားလိုကျကွပါတယျ။
ဒုံးကညြျကရြောကျပေါကျကှဲပွီး တဈရကျကွာမှ အိန်ဒိယအစိုးရက ဒုံးကညြျထှကျသှားတဲ့ကိစ်စကို ပွောဆိုခဲ့တာ ဖွဈတယျလို့ ပါကစ်စတနျဘကျက ပွောပါတယျ။
Ref: Pakistan Prepared to Retaliate Against Indian Missile Mishap: Report
#PeopleMedia