အိႏိၵယႏွင့္ဒိန္းမတ္ေရငုပ္သေဘၤာဖ်က္ရဟတ္ယာဥ္မ်ားအတြက္ ေဒၚလာ ၁၈၂ သန္းတန္ဆိုနာစနစ္ေရာင္းခ်ရန္ Lockheed Martin ကုမၸဏီသေဘာတူ

PUBLISHED - August 7, 2020
ဝါ႐ွင္တန္ဒီစီ၊ ၾသဂုတ္ ၇
အိႏၵိယႏွင့္ဒိန္းမတ္ Sikorsky MH-60R ေရငုပ္သေဘၤာဖ်က္စစ္ရဟတ္ယာဥ္မ်ားႏွင့္ဆက္စပ္ၿပီး ေလေၾကာင္းႀကိမ္ႏႈန္းနိမ့္ဆိုနာစနစ္ (ALFS) အတြက္ အေမရိကန္အေျခစိုက္ Lockheed Martin ကုမၸဏီက ေဒၚလာ ၁၈၂ သန္းတန္ သေဘာတူညီခ်က္ရခဲ့သည္။
အေမရိကန္ကာကြယ္ေရး၀န္ႀကီးဌာနက အဂၤါေန႔တြင္ေၾကညာခဲ့သည့္စာခ်ဳပ္အဆင့္ႁမွင့္တင္မႈသည္ အေမရိကန္ေဒၚလာ ၁၈၂ သန္းေက်ာ္တန္ၿပီး ထုတ္လုပ္မႈ၊ ေပးပို႔မႈႏွင့္ အိႏိၵယအစိုးရအတြက္ ALFS စနစ္ ၂၄ ခု၊ ဒိန္းမတ္ေရတပ္အတြက္ ၈ စင္းႏွင့္ အစိုးရအတြက္ ၇ စင္းတို႔ ေပါင္းစည္းမႈအထိပါ၀င္သ
ည္။ ေမလတြင္ MH-60R ရဟတ္ယာဥ္ ၂၄ စင္းအတြက္ ေဒၚလာ ၉၀၅ သန္းတန္စာခ်ဳပ္ကို Sikorsky ကုမၸဏီႏွင့္ အိႏိၵယတို႔ခ်ဳပ္ဆိုခဲ့ၿပီး ၂၀၂၁ ခုႏွစ္တြင္ ပထမတစ္သုတ္ပို႔ေဆာင္မည္ျဖစ္သည္။
ဒိန္းမတ္ေတာ္၀င္ေလတပ္တြင္ ပ်မ္းမွ်သက္တမ္း ၃.၃ ႏွစ္႐ွိ MH-60R စင္းတာ၀န္ထမ္းေဆာင္ေနသည္ဟု စီရီယမ္တပ္ဖြဲ႔မ်ားအခ်က္အလက္က ၫႊန္ျပေနသည္။
ALFS သည္ MH-60R ဘက္စံုစစ္ဆင္ေရးသံုးရဟတ္ယာဥ္မ်ားအတြက္ မူလေရေအာက္စစ္ပြဲသံုးဆင္ဆာ ျဖစ္သည္။
ထိုဆိုနာစနစ္သည္ MH-60R မ်ားကို ေရငုပ္သေဘၤာေထာက္လွမ္းျခင္း၊ ေျခရာခံျခင္း၊ တည္ေနရာျပျခင္းႏွင့္ အမ်ိဳးအစားခြဲျခင္းစသည့္သတ္မွတ္ေရငုပ္သေဘၤာဖ်က္စစ္ဆင္ေရးလုပ္ငန္းမ်ားလုပ္ေဆာင္ေစႏိုင္မည္ျဖစ္သည္။
ၾကားျဖတ္ျခင္း၊ ေရေအာက္ဆက္သြယ္ေရးႏွင့္ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာအခ်က္အလက္စုေဆာင္းျခင္း ႏွင့္ဆက္စပ္သည့္တာ၀န္မ်ားလည္း ထမ္းေဆာင္ႏိုင္မည္ျဖစ္သည္။
၂၀၂၄ ခုႏွစ္၊ စက္တင္ဘာတြင္ လုပ္ငန္းအားလံုးၿပီးဆံုးမည္ဟု Lockheed Martin ကုမၸဏီက ခန္႔မွန္းထား သည္။
Ref : Lockheed Martin secures $182 million sonar contract for Indian and Danish MH-60R helos
#PeopleMedia
(unicode)
အိန္ဒိယနှင့်ဒိန်းမတ်ရေငုပ်သင်္ဘောဖျက်ရဟတ်ယာဉ်များအတွက် ဒေါ်လာ ၁၈၂ သန်းတန်ဆိုနာစနစ်ရောင်းချရန် Lockheed Martin ကုမ္ပဏီသဘောတူ
……………………………………………………
ဝါရှင်တန်ဒီစီ၊ ဩဂုတ် ၇
အိန္ဒိယနှင့်ဒိန်းမတ် Sikorsky MH-60R ရေငုပ်သင်္ဘောဖျက်စစ်ရဟတ်ယာဉ်များနှင့်ဆက်စပ်ပြီး လေကြောင်းကြိမ်နှုန်းနိမ့်ဆိုနာစနစ် (ALFS) အတွက် အမေရိကန်အခြေစိုက် Lockheed Martin ကုမ္ပဏီက ဒေါ်လာ ၁၈၂ သန်းတန် သဘောတူညီချက်ရခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင်ကြေညာခဲ့သည့်စာချုပ်အဆင့်မြှင့်တင်မှုသည် အမေရိကန်ဒေါ်လာ ၁၈၂ သန်းကျော်တန်ပြီး ထုတ်လုပ်မှု၊ ပေးပို့မှုနှင့် အိန္ဒိယအစိုးရအတွက် ALFS စနစ် ၂၄ ခု၊ ဒိန်းမတ်ရေတပ်အတွက် ၈ စင်းနှင့် အစိုးရအတွက် ၇ စင်းတို့ ပေါင်းစည်းမှုအထိပါဝင်သ
ည်။ မေလတွင် MH-60R ရဟတ်ယာဉ် ၂၄ စင်းအတွက် ဒေါ်လာ ၉၀၅ သန်းတန်စာချုပ်ကို Sikorsky ကုမ္ပဏီနှင့် အိန္ဒိယတို့ချုပ်ဆိုခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ပထမတစ်သုတ်ပို့ဆောင်မည်ဖြစ်သည်။
ဒိန်းမတ်တော်ဝင်လေတပ်တွင် ပျမ်းမျှသက်တမ်း ၃.၃ နှစ်ရှိ MH-60R စင်းတာဝန်ထမ်းဆောင်နေသည်ဟု စီရီယမ်တပ်ဖွဲ့များအချက်အလက်က ညွှန်ပြနေသည်။
ALFS သည် MH-60R ဘက်စုံစစ်ဆင်ရေးသုံးရဟတ်ယာဉ်များအတွက် မူလရေအောက်စစ်ပွဲသုံးဆင်ဆာ ဖြစ်သည်။
ထိုဆိုနာစနစ်သည် MH-60R များကို ရေငုပ်သင်္ဘောထောက်လှမ်းခြင်း၊ ခြေရာခံခြင်း၊ တည်နေရာပြခြင်းနှင့် အမျိုးအစားခွဲခြင်းစသည့်သတ်မှတ်ရေငုပ်သင်္ဘောဖျက်စစ်ဆင်ရေးလုပ်ငန်းများလုပ်ဆောင်စေနိုင်မည်ဖြစ်သည်။
ကြားဖြတ်ခြင်း၊ ရေအောက်ဆက်သွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအချက်အလက်စုဆောင်းခြင်း နှင့်ဆက်စပ်သည့်တာဝန်များလည်း ထမ်းဆောင်နိုင်မည်ဖြစ်သည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာတွင် လုပ်ငန်းအားလုံးပြီးဆုံးမည်ဟု Lockheed Martin ကုမ္ပဏီက ခန့်မှန်းထား သည်။
Ref : Lockheed Martin secures $182 million sonar contract for Indian and Danish MH-60R helos
#PeopleMedia