အိန္ဒိယနှင့် စစ်ရေးတင်းမာနေသည့်ကြားမှ တရုတ်နိုင်ငံက နယ်စပ်မြေယာဥပဒေတစ်ရပ် ပြန်ဋ္ဌာန်း
PUBLISHED - October 25, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၂၅ (People Media)
အိန္ဒိယနိုင်ငံနှင့် နယ်စပ်အငြင်းပွားမှု ကာလရှည်လိပ်ခဲတည်းလည်းဖြစ်နေသည့်ကြားမှ တရုတ်နိုင်ငံ၏ ဥပဒေပြု ရေးအဖွဲ့က အောက်တိုဘာလ ၂၃ ရက်နေ့တွင် နယ်စပ်မြေယာဥပဒေတစ်ရပ်ကို ပြန်ဋ္ဌာန်းလိုက်သည်။
အဆိုပါဥပဒေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ထိန်းချုပ်နယ်စပ်မျဉ်းဟု သိထားကြသည့် တရုတ်-အိန္ဒိယ-ဘူတန်နယ်စပ်တစ်လျှောက် နယ်မြေအငြင်းပွားမှုများ ဖြစ်ပွားနေစဉ်အတွင်း ယင်းဥပဒေထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဧပြီလကတည်းက တရုတ်တပ်များနှင့် အိန္ဒိယတပ်များမှာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ထိန်းချုပ် နယ်စပ်မျဉ်းတစ်လျှောက် တပ်စွဲထားကြပြီး မေလအတွင်းက နှစ်ဖက်တပ်များတိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။ နှစ် ဖက်တပ်ဖွဲ့ခေါင်းဆောင်များ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ၁၃ ကြိမ်မြောက်ဆွေးနွေးပွဲမှာ အဖြေရှာမရဘဲ ပျက်ပြားခဲ့သည်။
ယခုဥပဒေပြဋ္ဌာန်းလိုက်ခြင်းမှာ ယခင်ကမဟာအင်အားကြီးနိုင်ငံဖြစ်သော ရုရှားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် မွန်ဂိုလီးယားအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံနှင့် ထိစပ်နေသော ကီလိုမီတာ ၂၂,၀၀၀ (မိုင် ၁၄,၀၀၀) ရှိနယ်စပ် တစ်လျှောက် တရုတ်နိုင်ငံက အုပ်ချုပ်ရေးနှင့် လုံခြုံရေးချထားရေးတို့ကို အသေးစိတ်ဆောင်ရွက်သွားနိုင်ရေးအ တွက် ရည်ရွယ်ထားသည့်ဥပဒေသစ်ကို တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် ပထမဦးဆုံးချမှတ်လိုက်ခြင်းဖြစ်သည်။
တရုတ်-အိန္ဒိယ နှစ်နိုင်ငံထိန်းချုပ်နယ်စပ် အငြင်းပွားမှုအပါအဝင် နယ်စပ်တစ်လျှောက် လူမှုရေးနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုများ မြှင့်တင်ရန် ကြိုးပမ်းမှုနှင့်အတူ နယ်စပ်ဒေသကာကွယ်ရေးကို တရားဝင်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဥပဒေတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများဖွင့်လှစ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ထောက်ပံ သွားရန်၊ ယင်းနယ်စပ်ဒေသအတွင်း လူထုဝန်ဆောင်မှုလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံများကို မြှင့် တင်ဆောင်ရွက်သွားရန်၊ ပြည်သူ့ဘဝမြှင့်တင်အားပေးပြီး အလုပ်အကိုင်များရရှိရေး ထောက်ပံ့ကူညီသွားရန်၊ နယ်စပ်တစ်လျှောက် ကာကွယ်ရေး၊ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပေါင်းစပ်ညှိနှိုင်းမှုကို မြှင့် တင်ဆောင်ရွက်သွားရန် လိုအပ်သည်များကို တရုတ်နိုင်ငံကဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းဥပဒေ တွင်ပြဋ္ဌာန်းထားသည်။
အိန္ဒိယနိုင်ငံ အာရန်းနားရှိုးပရာဒက်ရှ်ပြည်နယ်တွင် တရုတ်နိုင်ငံကကျေးရွာတစ်ရွာဆောက်လုပ်မှုနှင့်ပက်သက် ၍ အိန္ဒိယပြည်သူများကဆန္ဒပြခဲ့သည်။ တရုတ်နိုင်ငံက အဆိုပါကျေးရွာတည်ဆောက်သောနေရာကို အိန္ဒိယပိုင် မြေအဖြစ် မည်သည့်အချိန်ကမှ အသိအမှတ်မပြုခဲ့ကြောင်း ပြောဆိုခဲ့သည်။
Ref: China Passes New Land Border Law Amid Military Tensions With India
#PeopleMedia
(unicode)
………………………………………………………………………
Ref: China Passes New Land Border Law Amid Military Tensions With India
#PeopleMedia