အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့် အိန္ဒိယအစိုးရ ပိတ်ပင်တော့မည်
PUBLISHED - February 9, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၉
အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသ လူဦးရေထိန်းချုပ်နိုင်ရေးအတွက် ဆယ်စုနှစ်ပေါင်းများ စွာကျင့်သုံးလာတဲ့ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသ ဗီဇာမလိုဘဲ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကို အဆုံး သတ်တော့မှာဖြစ်ကြောင်း အိန္ဒိယအစိုးရ ကြာသပတးနေ့က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ ၁၀၂၀ မိုင်ထိစပ်နေတဲ့ အိန္ဒိယနယ်စပ်တစ်လျှောက် ခြံစည်းရိုးခတ်သွားမှာဖြစ်ကြောင်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောဆိုလိုက်ပြီးနောက်မှာ အခုလို လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကို ပိတ်ပင် တော့မှာဖြစ်ကြောင်း ကြေညာလိုက်တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကနေ အတွင်းပိုင်း ၁၀ မိုင်အထိ ဗီဇာမလိုဘဲ လွတ်လပ်စွာ ရွှေ့ပြောင်း သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။
“ပြည်တွင်းလုံခြုံရေး ဂရုတစိုက်ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ အရှေ့မြောက်ပိုင်းဒေသ လူဦးရေထိန်းချုပ်ဖို့အတွက် အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကို ရပ်တန့်လိုက်ဖို့ ပြည် ထဲရေးဝန်ကြီးဌာနက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။” လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါ တယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် တပ်မတော်ကအာဏာသိမ်းလိုက်ပြီးနောက် နယ်စပ်ဒေသကို ဖြတ်ကျော်ပြီး ထောင်နဲ့ချီတဲ့ မြန်မာအရပ်သားအများအပြားနဲ့ ရာနဲ့ချီတဲ့ မြန်မာတပ်ဖွဲ့ဝင်အများအပြား အိန္ဒိယနိုင်ငံထဲကို ဝင် ရောက်ခိုလှုံလာခဲ့ပါတယ်။
အဲဒီလူဦးရေအများအပြားဝင်ရောက်လာတာကြောင့် အိန္ဒိယနိုင်ငံတွင်းမှာ လူမျိုးရေးပဋိပက္ခတွေဖြစ်လာမှာကို အိန္ဒိယအစိုးရက စိုးရိမ်နေပါတယ်။
မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ မဏိပူရ်ပြည်နယ်က တင်းမာလာတဲ့အခြေအနေတွေကို အားဖြည့်ပေးဖို့အတွက် နယ်စပ်ဒေသကနေ တဖြည်းဖြည်းစိမ့်ဝင်လာတာကို အိန္ဒိယအစိုးရအဖွဲ့ဝင်တချို့ကလည်း ပြစ်တင်ရှုတ်ချခဲ့ ပါတယ်။
မဏိပူရ်ပြည်နယ်ဟာ လူမျိုးစုနှစ်စုကြားက ပြည်တွင်းစစ်ပွဲဒဏ်ကို ခံနေရတဲ့ ပြည်နယ်ဖြစ်ပြီး အဲဒီလူမျိုးစုနှစ်စု ထဲက လူမျိုးစုတစ်စုဟာ မြန်မာနိုင်ငံက ချင်းတိုင်းရင်းသားတွေနဲ့ ဆက်စပ်နေတဲ့ လူမျိုးစုဖြစ်တယ်လို့ ဆိုပါတယ်။
လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပတ်သက်ပြီး အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို အကြောင်းကြားသွားမှာဖြစ်ပေမဲ့ အစီအစဉ်ဆိုင်းငံ့မှုကလည်း ချက်ချင်းဖြစ်လာနိုင်ကြောင်း အ မည်မဖော်လိုတဲ့ အိန္ဒိယအရာရှိတစ်ဦးက ပြောပါတယ်။
Ref: India to End Free Movement Policy with Myanmar for ‘Internal Security’
#PeopleMedia