PUBLISHED - October 29, 2019
အိန္ဒိယစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတစ်ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ် တစ်စီး အောက်တိုဘာ ၂၅ ရက်နေ့ကပျက်ကျခဲ့တယ်လို့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
(unicode)
အိန္ဒိယစစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျမှုကို လုပ်ကြံမှုဟု ပါကစ္စတန် ဘက်မှာ ပြောဆိုမှုများရှိနေ
————————————————————————–
အိန္ဒိယစစ်တပ်ရဲ့ ထိပ်တန်းအရာရှိတစ်ဦးလိုက်ပါလာတဲ့ ရဟတ်ယာဉ် တစ်စီး အောက်တိုဘာ ၂၅ ရက်နေ့ကပျက်ကျခဲ့တယ်လိ်ု့ ပါကစ္စတန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အခုဖြစ်ရပ်မှာ စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လို့ ဖော်ပြထားပေမယ့် ပျက်ကျတဲ့ပုံစံက နောက်ကွယ်မှာ အကြောင်းအရာတွေရှိနေနိုင်တယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီဟာ သူ့ရဲ့လွတ်လပ်ရေးနေ့မိန့်ခွန်းမှာ လေတပ်နဲ့ ရေတပ်တို့ကို ပေါင်းစည်းပြီး ရာထူးနေရာသစ်တစ်ခုထားရှိမယ့် အကြောင်းကြေညာခဲ့ပါတယ်။
ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ ဗိုလ်ချုပ်ရန်ဘီယာဆင်းဟာ ရာထူးနေရာသစ်အတွက် အိန္ဒိယစစ်ဦးချုပ်နဲ့ ပြိုင်ဘက်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ပါကစ္စတန်စစ်တပ်အသိုင်းအဝိုင်းက အဲဒီရဟတ်ယာဉ်ပျက်ကျမှုဟာ စက်ချို့ယွင်းမှုထက် နောက်ကွယ်မှာ အကြောင်းအရာတွေရှိနေတယ်လို့ ပြောဆိုဝေဖန်ခဲ့ကြပါတယ်။
Ref; https://www.brecorder.com