
PUBLISHED - January 14, 2020
Ref; PTI
(Unicode)
အိန္ဒိယစစ်ရေးချီတက်ပွဲတွင် ပထမဦးဆုံးအကြိမ်အဖြစ် Apache နှင့် Chinook ရဟတ်ယာဉ်များပါဝင်မည်
………………………………………………………
ဇန်နဝါရီ ၂၆ ရက်နေ့ အိန္ဒိယစစ်ရေး စစ်ရေးချီတက်ပွဲအခမ်းအနားမှာ Apache တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ Chinook သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တွေ ပါဝင်သရုပ်ပြပျံသန်းသွားမှာဖြစ်ပါတယ်။
အခုလို ပါဝင်ပျံသန်းမှုဟာ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့လည်း အိန္ဒိယအစိုးရအရာရှိတွေ တနင်္လာနေ့မှာ ပြောပါတယ်။
အိန္ဒိယစစ်တပ် စစ်ရေးချီတက်ပွဲအခမ်းအနားမှာ Apahce ရဟတ်ယာဉ် ၅ စင်းနဲ့ Chinook ရဟတ်ယာဉ် ၃ စင်း ပါဝင်သရုပ်ပြပျံသန်းကြမှာဖြစ်ပါတယ်။
Ref; PTI
#PeopleMedia #International