အိႏၵိယတပ္ဖြဲ႕မ်ားပစ္ခတ္မႈေၾကာင့္ ကတ္႐ွ္မီးယားသူပုန္ထိပ္တန္းေခါင္းေဆာင္ေသဆံုး

PUBLISHED - November 2, 2020
ဆရင္နာဂါ၊ ႏို၀င္ဘာ ၂
အိႏၵိယအစိုးရတပ္ဖြဲ႔မ်ားႏွင့္ရင္ဆိုင္ပစ္ခတ္ၾကၿပီးေနာက္ ကတ္႐ွ္မီးယားေဒသမွထိပ္တန္းသူပုန္ေခါင္း ေဆာင္တစ္ေယာက္ ေသဆံုးခဲ့ေၾကာင္း ရဲမ်ားက အတည္ျပဳခဲ့ၿပီး အိႏိၵယအုပ္ခ်ဳပ္မႈကိုတြန္းလွန္ ေနၾကသည့္သူပုန္မ်ား၏ေရ႐ွည္တိုက္ပြဲကို အဓိကေအာင္ႏိုင္မႈတရပ္အျဖစ္ေျပာသည္။
ေသဆံုးသည့္တပ္မွဴး ဆိုင္ဖူလာ မားသည္ ေဒသတြင္းအႀကီးဆံုးသူပုန္အဖြဲ႔ ဟစ္ဇ္ဘူ မူဂ်ာဟစ္ဒင္ ၏စစ္ဆင္ေရးအႀကီးအကဲျဖစ္သည္။
ဆိုင္ဖူလာ ခိုေအာင္းေနသည္ဟူသည့္သတင္းေၾကာင္း အိႏၵိယရဲႏွင့္အရံတပ္ဖြဲ႔၀င္မ်ားက တနဂၤေႏြေန႔တြင္ ဆရင္နာဂါ၌ စစ္ဆင္ေရးလုပ္ခဲ့ၿပီး ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီးေနာက္ ဆိုင္ဖူလာေသဆံုးခဲ့ၿပီး သူ႔တြဲဖက္ဟုယူဆရသူကို ဖမ္းမိခဲ့သည္ဟု ရဲေထာက္လွမ္းေရးမွဴးခ်ဳပ္ ဗီေဂ်း ကူးမားကေျပာသည္။
ယခုေသဆံုးမႈသည္ ေဒသတြင္း အိႏၵိယႏိုင္ငံ၏သူပုန္ႏွိမ္ႏွင္းေရးစစ္ဆင္ေရးမ်ား အဓိကေအာင္ပြဲ တစ္ခုျဖစ္ေၾကာင္းလည္း ကူးမားကေျပာသည္။
သူပုန္အဖြဲ႔ဘက္မွ ယခုျဖစ္ရပ္အတြက္အတည္ျပဳျခင္းမ႐ွိေသးေခ်။
၂၀၁၄ ခုႏွစ္တြင္ သူပုန္အဖြဲ႔သို႔ ဆိုင္ဖူလာ၀င္ေရာက္ခဲ့ၿပီး ေမလတြင္ အိႏၵိယတပ္ဖြဲ႔မ်ားေၾကာင့္ အဖြဲ႔၏ယခင္အႀကီးအကဲ ရီယာ့ ႏိုင္ကူးေသဆံုးခဲ့ၿပီး စစ္ဆင္ေရးေခါင္းေဆာင္ျဖစ္လာသည္ဟု အိႏၵိယတပ္ဖြဲ႔မ်ားက အရာ႐ွိမ်ားကေျပာသည္။
ကတ္႐ွ္မီးယားစစ္ေသြးႂကြမ်ားကို ပါကစၥတန္က ေထာက္ပံ့ထားသည္ဟု အိႏိၵယကေျပာၿပီး ပါကစၥတန္ကလည္း ျငင္းဆိုသည့္အျပင္ ကတ္႐ွ္မီးယားေဒသခံအမ်ားစုကလည္း ထိုလုပ္ရပ္ကို လြတ္လပ္ေရးရရန္တရား၀င္ ႐ုန္းကန္မႈတခုအျဖစ္ေျပာသည္။
Ref : Indian troops kill top rebel commander in Kashmir fighting
#PeopleMedia
(unicode)
အိန္ဒိယတပ်ဖွဲ့များပစ်ခတ်မှုကြောင့် ကတ်ရှ်မီးယားသူပုန်ထိပ်တန်းခေါင်းဆောင်သေဆုံး
…………………………………………….
ဆရင်နာဂါ၊ နိုဝင်ဘာ ၂
အိန္ဒိယအစိုးရတပ်ဖွဲ့များနှင့်ရင်ဆိုင်ပစ်ခတ်ကြပြီးနောက် ကတ်ရှ်မီးယားဒေသမှထိပ်တန်းသူပုန်ခေါင်း ဆောင်တစ်ယောက် သေဆုံးခဲ့ကြောင်း ရဲများက အတည်ပြုခဲ့ပြီး အိန္ဒိယအုပ်ချုပ်မှုကိုတွန်းလှန် နေကြသည့်သူပုန်များ၏ရေရှည်တိုက်ပွဲကို အဓိကအောင်နိုင်မှုတရပ်အဖြစ်ပြောသည်။
သေဆုံးသည့်တပ်မှူး ဆိုင်ဖူလာ မားသည် ဒေသတွင်းအကြီးဆုံးသူပုန်အဖွဲ့ ဟစ်ဇ်ဘူ မူဂျာဟစ်ဒင် ၏စစ်ဆင်ရေးအကြီးအကဲဖြစ်သည်။
ဆိုင်ဖူလာ ခိုအောင်းနေသည်ဟူသည့်သတင်းကြောင်း အိန္ဒိယရဲနှင့်အရံတပ်ဖွဲ့ဝင်များက တနင်္ဂနွေနေ့တွင် ဆရင်နာဂါ၌ စစ်ဆင်ရေးလုပ်ခဲ့ပြီး ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဆိုင်ဖူလာသေဆုံးခဲ့ပြီး သူ့တွဲဖက်ဟုယူဆရသူကို ဖမ်းမိခဲ့သည်ဟု ရဲထောက်လှမ်းရေးမှူးချုပ် ဗီဂျေး ကူးမားကပြောသည်။
ယခုသေဆုံးမှုသည် ဒေသတွင်း အိန္ဒိယနိုင်ငံ၏သူပုန်နှိမ်နှင်းရေးစစ်ဆင်ရေးများ အဓိကအောင်ပွဲ တစ်ခုဖြစ်ကြောင်းလည်း ကူးမားကပြောသည်။
သူပုန်အဖွဲ့ဘက်မှ ယခုဖြစ်ရပ်အတွက်အတည်ပြုခြင်းမရှိသေးချေ။
၂၀၁၄ ခုနှစ်တွင် သူပုန်အဖွဲ့သို့ ဆိုင်ဖူလာဝင်ရောက်ခဲ့ပြီး မေလတွင် အိန္ဒိယတပ်ဖွဲ့များကြောင့် အဖွဲ့၏ယခင်အကြီးအကဲ ရီယာ့ နိုင်ကူးသေဆုံးခဲ့ပြီး စစ်ဆင်ရေးခေါင်းဆောင်ဖြစ်လာသည်ဟု အိန္ဒိယတပ်ဖွဲ့များက အရာရှိများကပြောသည်။
ကတ်ရှ်မီးယားစစ်သွေးကြွများကို ပါကစ္စတန်က ထောက်ပံ့ထားသည်ဟု အိန္ဒိယကပြောပြီး ပါကစ္စတန်ကလည်း ငြင်းဆိုသည့်အပြင် ကတ်ရှ်မီးယားဒေသခံအများစုကလည်း ထိုလုပ်ရပ်ကို လွတ်လပ်ရေးရရန်တရားဝင် ရုန်းကန်မှုတခုအဖြစ်ပြောသည်။
Ref : Indian troops kill top rebel commander in Kashmir fighting
#PeopleMedia