အိႏၵိယတြင္ မူဆလင္ကလြဲ၍ ဘာသာျခားမ်ားကို ႏုိင္ငံသားခံယူ ခြင့္ျပဳမည့္ဥပေဒ လႊတ္ေတာ္မွာ ေဆြးေႏြး

PUBLISHED - December 10, 2019
အိႏၵိယလႊတ္ေတာ္မွာ ဒီဇင္ဘာ ၉ ရက္ေန႔က အိမ္နီးခ်င္းႏိုင္ငံေတြက ဘာသာျခားလူမ်ိဳးစုေတြကို ႏုိင္ငံသား ခံယူခြင့္ျပဳမယ့္ ဥပေဒမူၾကမ္းကို ေဆြးေႏြးျငင္းခုန္ခဲ့ၾကပါတယ္။
တစ္ဖက္မွာလည္း အဆိုပါဥပေဒမူၾကမ္းမွာ မူဆလင္ကလြဲၿပီး က်န္တဲ့ဘာသာျခားလူမ်ိဳးစုေတြကို ႏုိင္ငံသားျဖစ္ ခြင့္ေပးထားတဲ့အတြက္ ႏိုင္ငံအေရွ႕ေျမာက္ပိုင္းမွာ ဆႏၵျပမႈေတြျဖစ္ေပၚလ်က္ရွိေနပါတယ္။
ႏိုင္ငံသားဥပေဒျပင္ဆင္ခ်က္မွာ ဟိႏၵဴ၊ ဗုဒၶဘာသာ၊ ဂ်ိမ္း၊ ပါဆစ္၊ခရစ္ယာန္နဲ႔ တျခားဘာသာ၀င္ေတြကို ႏိုင္ငံ သားျဖစ္ခြင့္ျပဳထားေပမယ့္ မူဆလင္ဘာသာ၀င္ေတြကိုေတာ့ ႏုိင္ငံသားျဖစ္ခြင့္ တားျမစ္ထားတာျဖစ္ပါတယ္။
မိုဒီအစိုးရဟာ အခုဥပေဒမူၾကမ္းကို ၄င္းရဲ႕ပထမအစိုးရသက္တမ္းမွာကတည္းက အတည္ျပဳႏိုင္ဖို႔ ၾကိဳးစားခဲ့ေပ မယ့္ အထက္လႊတ္ေတာ္မွာ အစိုးရေထာက္ခံအင္အားစုအားနည္းေနတာေၾကာင့္ အတည္မျပဳႏုိင္ျဖစ္ခဲ့ပါတယ္။
Ref; CAN
(ျပည္တြင္းျပည္ပ စစ္ေရး၊ ႏိုင္ငံေရး၊ လူမႈေရးစသည့္ သတင္းမ်ား အသစ္တင္တိုင္း သိရွိရန္ PeopleMedia သတင္းဌာန Page ကို like လုပ္ဖို႔ ေမတၱာရပ္ခံပါတယ္)
(Unicode)
အိန္ဒိယတွင် မူဆလင်ကလွဲ၍ ဘာသာခြားများကို နိုင်ငံသားခံယူ ခွင့်ပြုမည့်ဥပဒေ လွှတ်တော်မှာ ဆွေးနွေး
………………………………………………………
အိန္ဒိယလွှတ်တော်မှာ ဒီဇင်ဘာ ၉ ရက်နေ့က အိမ်နီးချင်းနိုင်ငံတွေက ဘာသာခြားလူမျိုးစုတွေကို နိုင်ငံသား ခံယူခွင့်ပြုမယ့် ဥပဒေမူကြမ်းကို ဆွေးနွေးငြင်းခုန်ခဲ့ကြပါတယ်။
တစ်ဖက်မှာလည်း အဆိုပါဥပဒေမူကြမ်းမှာ မူဆလင်ကလွဲပြီး ကျန်တဲ့ဘာသာခြားလူမျိုးစုတွေကို နိုင်ငံသားဖြစ် ခွင့်ပေးထားတဲ့အတွက် နိုင်ငံအရှေ့မြောက်ပိုင်းမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်လျက်ရှိနေပါတယ်။
နိုင်ငံသားဥပဒေပြင်ဆင်ချက်မှာ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ၊ ဂျိမ်း၊ ပါဆစ်၊ခရစ်ယာန်နဲ့ တခြားဘာသာဝင်တွေကို နိုင်ငံ သားဖြစ်ခွင့်ပြုထားပေမယ့် မူဆလင်ဘာသာဝင်တွေကိုတော့ နိုင်ငံသားဖြစ်ခွင့် တားမြစ်ထားတာဖြစ်ပါတယ်။
မိုဒီအစိုးရဟာ အခုဥပဒေမူကြမ်းကို ၄င်းရဲ့ပထမအစိုးရသက်တမ်းမှာကတည်းက အတည်ပြုနိုင်ဖို့ ကြိုးစားခဲ့ပေ မယ့် အထက်လွှတ်တော်မှာ အစိုးရထောက်ခံအင်အားစုအားနည်းနေတာကြောင့် အတည်မပြုနိုင်ဖြစ်ခဲ့ပါတယ်။
Ref; CAN
#PeopleMedia #International
(ပြည်တွင်းပြည်ပ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် သတင်းများ အသစ်တင်တိုင်း သိရှိရန် PeopleMedia သတင်းဌာန Page ကို like လုပ်ဖို့ မေတ္တာရပ်ခံပါတယ်)