• Follow Us on
Latest News

Home အိန္ဒိယတွင် လမ်းဘေးအလေးစွန့်သော ကလေးငယ်နှစ်ဦး ရိုက်သတ်ခံရ

အိန္ဒိယတွင် လမ်းဘေးအလေးစွန့်သော ကလေးငယ်နှစ်ဦး ရိုက်သတ်ခံရ

Share this post

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မာဒီးရာ ပရာဒေ့ရှ်ပြည်နယ်မှာ လမ်းပေါ်အလေးသွားတဲ့ ကလေးငယ်နှစ်ဦးကို လူကြီးနှစ်ယောက်က ရိုက်သတ်မှုဖြစ်ပွားခဲ့ပါတယ်။

အိန္ဒိယာအစိုးရအာဏာပိုင်တွေဟာ တရားခံနှစ်ဦးကို ဖမ်းဆီးထားပြီး လူသတ်မှုနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

အိန္ဒိယနိုင်ငံမှာ သန်းနဲ့ချီတဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ လမ်းပေါ်မစင်စွန့်တဲ့ အလေ့အထရှိကြပြီး အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအတွက် အန္တရာယ်တစ်ခုလည်းဖြစ်ပါတယ်။

အသက် ၁၀ နဲ့ ၁၂ နှစ်အရွယ် ကလေးငယ်နှစ်ဦးဟာ ရွာလမ်းမအနီးမှာ မစင်စွန့်နေချိန် လူကြီးနှစ်ယောက်က တုတ်နဲ့ ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။

တရားခံနှစ်ယောက်ကို သက်ဆိုင်ရာက အခင်းဖြစ်ပွားပြီး နာရီပိုင်းအတွင်း ဖမ်းဆီးမိခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်တွေရဲ့မိသားစုဝင်တွေက ၄င်းတို့အိမ်မှာ အိမ်သာမရှိကြောင်းနဲ့ ဆင်းရဲတဲ့အတွက် အိမ်သာဆောက်ဖို့ မတက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

Ref; BBC


Share this post