အိန္ဒိယတွင် လှေတိမ်းမှောက်၍ ၁၂ ဦးသေ၊ လူ ၃၀ ပျောက်ဆုံးလျက်ရှိ
PUBLISHED - September 17, 2019
အိန္ဒိယနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေလိုက်ပါခဲ့တဲ့ လှေတစ်စီးမှောက်ခဲ့ပြီး အနည်းဆုံး လူ ၁၂ ဦးသေဆုံးခဲ့ပါတယ်။
ပျောက်ဆုံးနေသူ ၃၀ ရှိပြီး ကယ်ဆယ်ရေးအဖွဲ့က ဆက်လက်ရှာဖွေလျက် ရှိနေတယ်လို့လည်းသိရပါတယ်။
ကျောက်တုံးကြီးတစ်ခုနဲ့ တိုက်မိပြီး တိမ်းမှောက်ခဲ့တဲ့ လှေပေါ်မှာ လူ ၆၀ လောက်တင်ဆောင်လာခဲ့ပြီး ၂၇ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သက်ဆိုင်ရာက အတည်ပြုထားပါတယ်။
တိမ်းမှောက်ခဲ့တဲ့လှေဟာ တရားမ၀င်ပြေးဆွဲနေတဲ့ လှေဖြစ်တယ်လို့လည်း သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ၀န်အလွန်အကျွံတင်မှုကြောင့် လှေတိမ်းမှောက်မှုတွေ မကြာခဏဖြစ်ပွားလေ့ ရှိနေပါတယ်။
Ref; CNA