အိန္ဒိယတွင် နိုင်ငံသားမှတ်ပုံတင်စာရင်းထုတ်ပြန်ပြီးနောက် လူဦးရေ ၂ သန်းနီးပါး နိုင်ငံမဲ့ဖြစ်လာ
PUBLISHED - September 2, 2019
အိန္ဒိယနိုင်ငံ အာသံပြည်နယ်အစိုးရရဲ့ ထုတ်ပြန်ချက်အရ ပြည်နယ် လူဦးရေ စုစုပေါင်း ၃၁.၁ သန်းဟာ နိုင်ငံသား မှတ်ပုံတင် စာရင်းမှာ ပါဝင်နေပြီး ၁.၉ သန်း ချန်လှပ်ခံခဲ့ရ တယ်လို့ သိရပါတယ်။
ဒါကြောင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူဦးရေ ၂ သန်းလောက် ဟာ သြဂုတ်လ ၃၁ ရက်နေ့ နိုင်ငံသားမှတ်ပုံတင် စာရင်း ထုတ်ပြန်ခဲ့ပြီးနောက်မှာ နိုင်ငံ မဲ့တွေဖြစ်လာခဲ့ပါတယ်။
အခုလို နိုင်ငံသားမှတ်ပုံတင်စာရင်းအတွက် တရားမ၀င်သူ အများစုဟာ မူဆလင်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။
Ref; dhakatribune.com