
PUBLISHED - December 19, 2019
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉
Ref;Reuters
(Unicode)
အိန္ဒိယတွင် နိုင်ငံသားဥပဒေသစ်ကို ဆန္ဒပြသူ ရာနှင့်ချီ ဖမ်းဆီးခံရ
…………………………………………………………
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၉
အိန္ဒိယနိုင်ငံမှာ နိုင်ငံသားခံယူခွင့်ဥပဒေသစ်ကို ကန့်ကွက်ဆန္ဒပြသူ ရာနဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
အိန္ဒိယအစိုးရဟာ နိုင်ငံသားဥပဒေသစ်ကို ဆန္ဒပြခွင့် ပိတ်ပင်ထားခဲ့ပြီး လိုက်နာမှုမရှိတဲ့ ဆန္ဒပြသူတွေကို အိန္ဒိယရဲတပ်ဖွဲ့ ဖမ်းဆီးလျက်ရှိပါတယ်။
နိုင်ငံသားဥပဒေသစ်ကို ဆန္ဒပြခွင့်ပိတ်ပင်ထားတဲ့နေရာတွေထဲမှာ မြို့တော်ဒေလီက နေရာများ၊ ဥတာပရာဒေ့ရှ် ပြည်နယ်နဲ့ ခါနာတာကာပြည်နယ်က နေရာတချို့နဲ့ ဘင်္ဂါလာမြို့လည်းပါဝင်ပါတယ်။
နိုင်ငံသားဥပဒေသစ်ကို အိန္ဒိယနိုင်ငံတစ်ဝှမ်း ကန့်ကွက်ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှုတွေ ပေါ်ပေါက် ခဲ့တဲ့အတွက် အစိုးရက နေရာတချို့မှာ ဆန္ဒပြခွင့်ကို ပိတ်ပင်ထားတာဖြစ်ပါတယ်။
Ref;Reuters
#PeopleMedia #International