အိႏၵိယနိုင္ငံက အသံထက္ျမန္ေသာ ဘရာေမာ့စ္ဒုံးက်ည္ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္
PUBLISHED - November 25, 2020
နိုင္ငံတကာ၊ နိုဝင္ဘာ ၂၅
ေျမျပင္အေျချပဳ ဗားရွင္းတစ္မ်ိဳးျဖစ္သည့္ အသံထက္ျမန္ေသာခ႐ုဇ္ဒုံးက်ည္တစ္မ်ိဳးျဖစ္သည့္ ဘရာ ေမာ့စ္ဒုံးက်ည္ကို ယေန႔ ကပၸလီပင္လယ္ႏွင့္ နီကိုဘားကၽြန္းမွ ေအာင္ျမင္စြာ စမ္းသပ္ပစ္လႊတ္ခဲ့သည္။
ဘရာေမာ္စ္ဒုံးက်ည္ စမ္းသပ္ပစ္လႊတ္မႈကို အိႏၵိယတပ္မေတာ္က လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ အိႏၵိယ တပ္မေတာ္လက္ေအာက္တြင္ ဘရာေမာ့စ္ဒုံးက်ည္တပ္ဖြဲ႕ သုံးဖြဲ႕ရွိသည္။
စမ္းသပ္မႈအတြင္း ဘရာေမာ့စ္ဒုံးက်ည္က အျခားကၽြန္းတစ္ခုေပၚရွိ ပစ္မွတ္ကို ထိမွန္ခဲ့သည္ဟု ဆိုသည္။ ဘရာေမာ့စ္ဒုံးက်ည္၏ တိက်မႈကိုစမ္းသပ္ရန္ ယခုအပတ္အတြင္း ပုံစံအမ်ိဳးမ်ိဳးျဖင့္ ေနာက္ထပ္ ဒုံးက်ည္ပစ္လႊတ္ မႈမ်ား လုပ္ေဆာင္မည္ျဖစ္သည္။
ဘရာေမာ့စ္ အာကာသႏွင့္ ကာကြယ္ေရးဆိုင္ရာ သုေတသနအဖြဲ႕အစည္းက ဒုံးက်ည္ေရာက္ရွိနိုင္ေသာ အကြာအေဝးကို ကီလိုမီတာ ၂၉၀ မွ ကီလိုမီတာ ၄၀၀ အထိ တိုးခ်ဲ႕ခဲ့သည္။
ၿပီးခဲ့သည့္လကလည္း အိႏၵိယေရတပ္၏ ကိုယ္ေပ်ာက္ဖ်က္သေဘၤာ INS Chennai ေပၚမွ ဘရာေမာ့စ္ဒုံး က်ည္တစ္စင္း ပစ္လႊတ္ခဲ့ေသးသည္။
ေအာက္တိုဘာလ ၁၈ ရက္က ျပဳလုပ္ခဲ့သည့္ စမ္းသပ္မႈအတြင္း အဆိုပါဒုံးက်ည္က အာေရဗ်ပင္လယ္ အတြင္းရွိ ပစ္မွတ္ကို အတိအက် ထိမွန္ခဲ့ေၾကာင္း သိရသည္။
ကိုးကား – ပီတီအိုင္
Ref; BrahMos missile test-fired successfully
(unicode)
အိန္ဒိယနိုင်ငံက အသံထက်မြန်သော ဘရာမော့စ်ဒုံးကျည် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
…………………………………………………………..
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅
မြေပြင်အခြေပြု ဗားရှင်းတစ်မျိုးဖြစ်သည့် အသံထက်မြန်သောခရုဇ်ဒုံးကျည်တစ်မျိုးဖြစ်သည့် ဘရာ မော့စ်ဒုံးကျည်ကို ယနေ့ ကပ္ပလီပင်လယ်နှင့် နီကိုဘားကျွန်းမှ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့သည်။
ဘရာမော်စ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အိန္ဒိယတပ်မတော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ တပ်မတော်လက်အောက်တွင် ဘရာမော့စ်ဒုံးကျည်တပ်ဖွဲ့ သုံးဖွဲ့ရှိသည်။
စမ်းသပ်မှုအတွင်း ဘရာမော့စ်ဒုံးကျည်က အခြားကျွန်းတစ်ခုပေါ်ရှိ ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု ဆိုသည်။ ဘရာမော့စ်ဒုံးကျည်၏ တိကျမှုကိုစမ်းသပ်ရန် ယခုအပတ်အတွင်း ပုံစံအမျိုးမျိုးဖြင့် နောက်ထပ် ဒုံးကျည်ပစ်လွှတ် မှုများ လုပ်ဆောင်မည်ဖြစ်သည်။
ဘရာမော့စ် အာကာသနှင့် ကာကွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့အစည်းက ဒုံးကျည်ရောက်ရှိနိုင်သော အကွာအဝေးကို ကီလိုမီတာ ၂၉၀ မှ ကီလိုမီတာ ၄၀၀ အထိ တိုးချဲ့ခဲ့သည်။
ပြီးခဲ့သည့်လကလည်း အိန္ဒိယရေတပ်၏ ကိုယ်ပျောက်ဖျက်သင်္ဘော INS Chennai ပေါ်မှ ဘရာမော့စ်ဒုံး ကျည်တစ်စင်း ပစ်လွှတ်ခဲ့သေးသည်။
အောက်တိုဘာလ ၁၈ ရက်က ပြုလုပ်ခဲ့သည့် စမ်းသပ်မှုအတွင်း အဆိုပါဒုံးကျည်က အာရေဗျပင်လယ် အတွင်းရှိ ပစ်မှတ်ကို အတိအကျ ထိမှန်ခဲ့ကြောင်း သိရသည်။
ကိုးကား – ပီတီအိုင်
Ref; BrahMos missile test-fired successfully