အိႏၵိယနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ရက္အတြင္း လူ ၂၀၀၀ ေက်ာ္ စံခ်ိန္တင္ ေသဆုံး

PUBLISHED - June 18, 2020
နိုင္ငံတကာ၊ ဇြန္ ၁၇
အိႏၵိယနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႕ လူ ၂၀၀၀ ေက်ာ္ ထပ္မံေသဆုံးခဲ့ရာ ေသဆုံးသူ စုစု ေပါင္း ၁၁၉၀၃ ဦးအထိ ရွိလာခဲ့ၿပီဟု သိရသည္။
မြမ္ဘိုင္းၿမိဳ႕ေတာ္တြင္ ယေန႕ ကိုရိုနာဗိုင္းရပ္စ္လူနာ ၈၆၂ ဦး ေသဆုံးခဲ့ရာ စုစုေပါင္း ေသဆုံးသူ ၃၁၆၅ ဦးအထိ ျမင့္တက္လာခဲ့သလို ေဒလီၿမိဳ႕ေတာ္ တြင္ လူ ၄၀၀ ေက်ာ္ ထပ္မံ ေသဆုံးခဲ့ရာ ေသဆုံးလူနာ ၁၈၀၀ ေက်ာ္ ရွိလာခဲ့ၿပီျဖစ္သည္။
အိႏၵိယနိုင္ငံရွိ လူေနထူထပ္ရာ ၿမိဳ႕ေတာ္ႀကီးမ်ားတြင္ ကိုဗစ္-၁၉ ကပ္ေရာဂါ ဆိုး႐ြားစြာ ျဖစ္ပြားေနၿပီး ခ်န္နိုင္းၿမိဳ႕ေတာ္က ကူးစက္မႈ ျမင့္တက္လာျခင္းေၾကာင့္ ၿပီးခဲ့သည့္ ေသာၾကာေန႕မွစ၍ အဝင္အထြက္ပိတ္ဆို႔မႈ ထပ္မံျပဳလုပ္ခဲ့သည္။
နိုင္ငံ့စီးပြားေရးအေပၚ ထိခိုက္မႈမ်ားေၾကာင့္ အဝင္အထြက္ ပိတ္ဆို႔မႈမ်ားကို တစ္ျဖည္းျဖည္း ေျဖေလ်ာ့ လ်က္ရွိသည္။
ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈအရ ကမာၻေပၚတြင္ စတုတၳအဆင့္ရွိသည့္ အိႏၵိယနိုင္ငံတြင္ ဓာတ္ခြဲအ တည္ျပဳ ကူးစက္မႈ ၃၅၄၀၆၅ မႈရွိေၾကာင္း တရားဝင္ အခ်က္အလက္မ်ားအရ သိရသည္။
ဗိုင္းရပ္စ္ စမ္းသပ္မႈမ်ား ပိုမိုက်ယ္ျပန႔္စြာလုပ္ေဆာင္ရန္ ကြၽမ္းက်င္သူမ်ားက ေတာင္းဆိုလ်က္ရွိသည္။ ေဆး႐ုံအမ်ားစုက ကိုရိုနာဗိုင္းရပ္စ္လူနာမ်ား ကုသေပးရန္ မနိုင္ဝန္ထမ္းေနရသည္။
အိႏၵိယနိုင္ငံတြင္ အဝင္အထြက္ပိတ္ဆို႔မႈမ်ား တစ္ျဖည္းျဖည္း ေျဖေလ်ာ့လ်က္ရွိေသာ္လည္း ကူးစက္မႈအ ေရအတြက္မွာ ျမင့္တက္ေနဆဲျဖစ္သည္။
ကိုးကား – NDTV
Ref; India Sees Record Jump Of 2,000 Dead, Germany Advises Citizens To Leave
#PeopleMedia
[Unicode]
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်ရက်အတွင်း လူ ၂၀၀၀ ကျော် စံချိန်တင် သေဆုံး
………………………………………………………………………………..
နိုင်ငံတကာ၊ ဇွန် ၁၇
အိန္ဒိယနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့ လူ ၂၀၀၀ ကျော် ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူ စုစု ပေါင်း ၁၁၉၀၃ ဦးအထိ ရှိလာခဲ့ပြီဟု သိရသည်။
မွမ်ဘိုင်းမြို့တော်တွင် ယနေ့ ကိုရိုနာဗိုင်းရပ်စ်လူနာ ၈၆၂ ဦး သေဆုံးခဲ့ရာ စုစုပေါင်း သေဆုံးသူ ၃၁၆၅ ဦးအထိ မြင့်တက်လာခဲ့သလို ဒေလီမြို့တော် တွင် လူ ၄၀၀ ကျော် ထပ်မံ သေဆုံးခဲ့ရာ သေဆုံးလူနာ ၁၈၀၀ ကျော် ရှိလာခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံရှိ လူနေထူထပ်ရာ မြို့တော်ကြီးများတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ဆိုးရွားစွာ ဖြစ်ပွားနေပြီး ချန်နိုင်းမြို့တော်က ကူးစက်မှု မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သည့် သောကြာနေ့မှစ၍ အဝင်အထွက်ပိတ်ဆို့မှု ထပ်မံပြုလုပ်ခဲ့သည်။
နိုင်ငံ့စီးပွားရေးအပေါ် ထိခိုက်မှုများကြောင့် အဝင်အထွက် ပိတ်ဆို့မှုများကို တစ်ဖြည်းဖြည်း ဖြေလျော့ လျက်ရှိသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအရ ကမ္ဘာပေါ်တွင် စတုတ္ထအဆင့်ရှိသည့် အိန္ဒိယနိုင်ငံတွင် ဓာတ်ခွဲအ တည်ပြု ကူးစက်မှု ၃၅၄၀၆၅ မှုရှိကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။
ဗိုင်းရပ်စ် စမ်းသပ်မှုများ ပိုမိုကျယ်ပြန့်စွာလုပ်ဆောင်ရန် ကျွမ်းကျင်သူများက တောင်းဆိုလျက်ရှိသည်။ ဆေးရုံအများစုက ကိုရိုနာဗိုင်းရပ်စ်လူနာများ ကုသပေးရန် မနိုင်ဝန်ထမ်းနေရသည်။
အိန္ဒိယနိုင်ငံတွင် အဝင်အထွက်ပိတ်ဆို့မှုများ တစ်ဖြည်းဖြည်း ဖြေလျော့လျက်ရှိသော်လည်း ကူးစက်မှုအ ရေအတွက်မှာ မြင့်တက်နေဆဲဖြစ်သည်။
ကိုးကား – NDTV
Ref; India Sees Record Jump Of 2,000 Dead, Germany Advises Citizens To Leave
#PeopleMedia