အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သည့် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 သို့ ကာကွယ်ရေး ဦးစီးချုပ်(ရေ) တက်ရောက်

PUBLISHED - November 15, 2021
နေပြည်တော်၊ နိုဝင်ဘာ ၁၅ (People Media)
အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
အဆိုပါ Goa Maritime Conclave ကို အိန္ဒိယနိုင်ငံရေတပ်မှ ၂ နှစ်တစ်ကြိမ် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပပြုလုပ် ခြင်းဖြစ်ပြီး ယခုနှစ်တွင် အိန္ဒိယရေတပ် Naval War College မှ တာဝန်ယူကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ အိန္ဒိယ နိုင်ငံ ကာကွယ်ရေးအတွင်းဝန် Defence Secretary Dr. Shri Ajay Kumar ၊ နိုင်ငံခြားရေးအတွင်းဝန် Foreign Secretary Mr. Harsh Vardhan Shringla နှင့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Karambir Singh တို့က အဖွင့်မိန့်ခွန်းများ အသီးသီး ပြောကြား၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရေတပ်ဉီးစီးချုပ်များမှ Maritime Security and Emerging Non-Tradi tional Threats: A Case for Proactive Role for IOR Navies နှင့်ပတ်သက်၍ တည်ငြိမ်အေးချမ်းသည့် အိန္ဒိယသမုဒ္ဒရာ Peaceful India Ocean ဖြစ်စေရန်အတွက် ရေကြောင်းမူဝါဒဆိုင်ရာ သဘောထားအမြင်များ ကို နိုင်ငံ အလိုက် ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးရာတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်မှ အိန္ဒိယသမုဒ္ဒရာ၏မဟာဗျူဟာ အချက်အခြာကျမှု၊ အခွင့်အလမ်းနှင့်စိန်ခေါ်မှုများ၊ရေကြောင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်တပ်မတော်(ရေ) မှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အိန္ဒိယသမုဒ္ဒရာအတွင်း သမားရိုးကျမဟုတ်သော လုံခြုံရေးခြိမ်းခြောက်မှုများကို Navy to Navy Staff Talks၊ Coordinated Patrol၊ Bilateral နှင့် Multilateral ပူးပေါင်း၍ ဖြေရှင်း ဆောင်ရွက်နိုင်မည့်နည်းလမ်းများအား ဖော်ထုတ်ဆွေးနွေးခဲ့ပြီး Comom Maritine Prior ities in IOR အား ထုတ်ပြန်ကြေငြာခဲ့သည်။
ဆက်လက်၍ ဆွေးနွေးပွဲသို့တက်ရောက်လာကြသော အငြိမ်းစား ရေတပ်ဦးစီးချုပ်များ၊ ရေတပ်အရာရှိကြီးများ၊ သံအမတ်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များမှ Maritime Security and Emerging Non-Traditional Threats ခေါင်းစဉ်အား လည်းကောင်း၊ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ ဆက်ဆံရေး ကိုယ်စား လှယ်အရာရှိများပါဝင်ဖွဲ့စည်းထားရှိသည့် Information Fusion Centre – Indian Ocean Region (IFC-IOR) မှ ၂၀၂၁ခုနှစ်အတွင်း အိန္ဒိယသမုဒ္ဒရာအတွင်း၌ ဖြစ်ပွားခဲ့သော သမားရိုးကျမဟုတ်သည့် ခြိမ်းခြောက်မှု များအပေါ် လေ့လာသုံးသပ်ခြင်း၊ ပင်လယ်ရေကြောင်းလုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် သတင်း အချက်အလက်ဖလှယ်ခြင်း၏အရေးပါမှုများအားလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
ခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာနိုင်ငံ ရေတပ်ဦးစီးချုပ် Vice Admiral Nishantha Ulugetenne နှင့်လည်းကောင်း၊ အိန္ဒိယရေတပ် အနောက်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral R. Hari Kumar၊ တောင်ပိုင်း ရေတပ် ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး Vice Admiral Anil Kumar Chawla၊ ရေကြောင်းတိုင်းတာရေးဌာနမှ Chief Hydrographer ဖြစ်သူ Vice Admiral Adhir Arora နှင့် တွေ့ဆုံပြီး အပြန်အလှန် အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Mormugoa Port Terminal ဆိပ်ကမ်းရှိ အိန္ဒိယရေတပ်၏ ရေငုပ်သင်္ဘောကယ်ဆယ်ရေးရေယာဉ် Deep Submergence Rescue Vessel-DSRV သို့လည်းကောင်း၊ Kolkata Class ဒုံးပျံတင် ဖျက်သင်္ဘော INS Kochi (D64) သို့လည်းကောင်း၊ Goa Shipyard Limited သင်္ဘောကျင်းသို့လည်းကောင်း၊ အိန္ဒိယရေတပ်၏ လေတပ်အခြေစိုက်စခန်း INS Hansa သို့လည်းကောင်း၊ Naval Aviation Museum သို့လည်းကောင်း သွားရောက်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း MOI ၏ ထုတ်ပြန်ချက်အရ သိရသည်။
#PeopleMedia
(unicode)
………………………………………………………………
#PeopleMedia